DC fan တွေအတွက် Android ပေါ်ကို လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရောက်ရှိလာတဲ့ Role Playing ဂိမ်းအသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်အခြေစိုက် ဂိမ်းကုမ္ပဏီဖြစ်တဲ့ Nuverse ကထုတ်ပေးထားတဲ့ ဂိမ်းဖြစ်ပါတယ် လက်ရှိ Android နဲ့ ဖိလစ်ပိုင် အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ Early Access နဲ့ဆော့လို့ရတာကြောင့် အာရှဒေသတွင်း တော်တော်များများမှာ ဆော့လို့ရနေပါပြီ မြန်မာပြည်ကလည်း Play Store ကနေ‌ Download ဆွဲလို့ရပါတယ် ကစားသူဟာ ပျော်စရာကောင်းတဲ့ တိုက်ပွဲတွေကို နိုင်အောင် တိုက်ခိုက်ရမှာပါ အကြိုက်ဆုံး Hero တွေနဲ့ အဖွဲ့တွေဖွဲ့ရင်း တိုက်ခိုက်ရမှာဖြစ်ပါတယ် အရေးကြီးတဲ့ ရွေးချယ်မူတွေ ဆုံးဖြတ်ချက်တွေ နေရာချမူတွေကို လုပ်ဆောင်ရမှာပါ Hero တစ်ကောင်ချင်းစီရဲ့ မတူညီတဲ့ စွမ်းရည်တွေနဲ့ အထူး combo တွေကို အသုံးပြုပြီး လူသားတွေကို ကာကွယ်ရမှာဖြစ်ပါတယ် 

photo credit

Crime Syndicate အဖွဲ့ဝင်တွေက ကမ္ဘာကို ကျူးကျော်ကြမှာကို DC ထဲက Hero တွေဖြစ်တဲ့ Batman Superman Wonder Woman တို့အပါအဝင် တခြား Hero တွေနဲ့အတူ တိုက်ခိုက်ရမှာပါ တစ်ကောင်ချင်းစီရဲ့ မတူညီတဲ့ စွမ်းရည်တွေကြောင့် နေရာချမူတွေ ‌အစီအစဉ်သေချာချရမှာတွေက အရေးကြီးပါတယ် Hero 75 အထက်နဲ့ Joker Harley Quinn Cheetah တို့လို တခြား စူပါဗီလိန်တွေကိုပါ စုဆောင်းနိုင်ပါသေးတယ် Hero တစ်ကောင်ချင်းစီကို level တွေမြှင့် Rank အလိုက် စီရ Hero combo တွေ နေရာချတာတွေ Special Attack တွေအတွက်လည်း သေချာလေးစဉ်းစားပြီး ကစားရတဲ့ ဂိမ်းဖြစ်ပါတယ် အဲ့အပြင် Hero တွေရဲ့ စွမ်းရည်တွေမြှင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း စုဆောင်းရပါသေးတယ်

photo credit

စူပါဗီလိန်တွေနဲ့ Hero တွေကြားထဲက ဇာတ်ကြောင်းတွေကိုလည်း သေချာပြင်ဆင်ထားတာမလို့ ဂိမ်းဆော့တဲ့နေရာမှာ ပိုစိတ်ဝင်စားစရာ ကောင်းစေမှာပါ 3D Graphic နဲ့မလို့ Role Play ရဲ့ မြင်ကွင်းတွေနဲ့ ကောင်းမွန်တဲ့ ရုပ်ထွက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ Animation တွေကို အပြည့်အဝ ခံစားရမှာပါ DC က ၁၉၉၄ ခုနှစ်မှာ Worlds Collide အမည်ရတဲ့ crossover comic တစ်ခုကိုလည်း ထုတ်ထားတာဖြစ်တဲ့အတွက် Comic ပရိတ်သတ်တွေအတွက်လည်း ဂိမ်းနဲ့ comic ဇာတ်ကြောင်းတူလားဆိုတာ စမ်းဆော့ကြည့်လို့ရပါတယ် 

Role Playing ဆိုပေမဲ့ ကြည်လင်တဲ့ ရုပ်ထွက်နဲ့ အတူ အလန်းစား Battle Animation တွေကြောင့် DC Fan တွေအတွက်ရော DC fan မဟုတ်သူတွေအတွက်ပါ Hero တွေ အများကြီးနဲ့ အချိန်ဖြုန်းလို့ကောင်းမဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။