တောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Oh Jong Hyuk ဟာ ဇနီးဖြစ်သူ ပထမဦးဆုံးရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့က သူ့ရဲ့ အင်စတာဂရမ်လူမှုစာမျက်နှာပေါ်မှာ ကြေညာပေးထားတာပဲဖြစ်ပါတယ်။

Oh Jong Hyuk ဟာ အိုင်ဒေါလ် တစ်ယောက်အဖြစ်မှ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းလာတဲ့သူဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Oh Jong Hyuk ပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေက Cheese in the Trap နှင့် Healer ဖြစ်ပါတယ်။ ပထမဦးဆုံးရင်သွေးလေး ရရှိတော့မှာနဲ့ ပတ်သတ်ပြီး Oh Jong Hyuk က အခုလို ပြောလာပါတယ်။

Google

“ကျွန်တော်အဖေတစ်ယောက်ဖြစ်လာတော့မှာပါ။ ကျွန်တော်တို့မင်္ဂလာပွဲလေးက မနေ့တနေ့ကလိုပါပဲနော်.. မင်္ဂလာဆောင်ပြီး ၇ လပြည့်သွားပြီးတဲ့နောက်မှာ ကျွန်တော့်တို့အတွက် အဖိုးတန်ရတနာလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။”

Google

သူတို့ရင်သွေးလေးရဲ့ နာမည်လေးကို ယာယီအနေနဲ့ “Ddo-bok” လို့ပေးထားကြောင်းလည်း Oh Jong Hyuk ကဆိုထားပါတယ်။ ရင်သွေးလေးကို မြန်မြန်အရွယ်ရောက်လာပြီး သူနဲ့အတူတူ ကစားနိုင်ဖို့ မျှော်လင့်နေကြောင်း ဖခင်တစ်ယောက်ရဲ့ ဝမ်းသာပျော်ရွှင်မှုတွေနဲ့ Oh Jong Hyuk တစ်ယောက် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။

Google

Oh Jong Hyuk ဟာ ၁၉၉၉ ခုနှစ်တုန်းက Click-B ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် အဆိုတော် ၊ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး နာမည်ကြီးမဟုတ်တဲ့ ချစ်ရသူနဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာလက်ထပ်ပွဲကို ၂၀၂၀ ခုနှစ်ကတည်းက ကျင်းပဖို့လုပ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၁ ခုနှစ်ကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ပထမဦးဆုံးရင်သွေးလေးအတွက် ဂုဏ်ယူပါတယ် Oh Jong Hyuk ရေ …

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။