Krist လို့ လူသိများတဲ့ ထိုင်းမင်းသားချော Perawat Sangpotirat ဟာ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက ကားတစ်စီးလုံးပက်လက်လန်သွားတဲ့ ယာဉ်တိမ်းမှောက်မှုမှာ ပါဝင်ခဲ့ပါတယ်။

Google

ကြားသိရတဲ့သတင်းတွေအရ အသက် ၂၆ နှစ်အရွယ် Krist ဟာ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မတိုင်ခင်က ကားကို အရှိန် ၆၀ ဖြင့်သာ မောင်းနှင်ခဲ့တာလို့ သိရပါတယ်။ Krist သာ အရှိန်နဲ့မောင်းလာခဲ့ရင် မတော်တဆမှုက ဒီထက်ဆိုးရွားသွားနိုင်တယ်လို့ krist က ဆိုထားပါတယ်။ဖြစ်စဉ်မှာ Krist မောင်းနှင်လာသည့်ယာဉ်မှ တစ်စုံတစ်ခုကို ရှောင်ရင်း  လမ်းဘေးမှာရပ်ထားတဲ့ Pickup truck တစ်စီးရဲ့ ဘီးနဲ့တိုက်မိခဲ့တာကြောင့် ထပ်ရှောင်ရင်း ဘီးက ခွေသွားပြီး အခုလို ပက်လက်လန်သွားခဲ့တာလို့ သိရပါတယ်။ယာဉ်မှောက်မှုဖြစ်စဉ်မှာ ကားတစ်စီးလုံးပက်လက်လန်သွားတာကြောင့် Krist ရဲ့ ပရိသတ်တွေအနေနဲ့ Krist များ တစ်ခုခုဖြစ်သွားမလားဆိုပြီး စိုးရိမ်စိတ်တွေ ပြင်းထန်နေကြပါတယ်။

Google

Krist ဟာ မှောက်နေတဲ့ ယာဉ်ထဲကနေ အန္တရာယ်အကင်းဆုံး အနေအထားနှင့် ထွက်လာနိုင်ပြီး ထိခိုက်ဒဏ်ရာလည်း အနည်းငယ်သာ ရရှိခဲ့တာကြောင့် သူ့ရဲ့ ပရိသတ်တွေကို စိတ်မပူဖို့ ပြောထားပါတယ်။ယာဉ်တိုက်မှုဖြစ်ပြီး နာရီအနည်းငယ်လောက်အကြာမှာ Krist က မတော်တဆမှုအတွက်ရော သူ့ကြောင့် စိတ်အဆင်မပြေဖြစ်သွားခဲ့တဲ့သူတွေကိုရောကို အင်စတာဂရမ်လူမှုစာမျက်နှာကနေတစ်ဆင့် တောင်းပန်ပေးထားပါတယ်။

Google

သူရရှိခဲ့တဲ့ဒဏ်ရာကလည်း မပြင်းထန်တာကြောင့် အားလုံးကို စိတ်မပူဖို့ပြောရင်း ယာဉ်တိမ်းမှောက်မှုမှာ ကူညီပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ထားပါတယ်။ နောက်ပိုင်းကြရင်လည်း ကားကို ပိုပြီး သတိထားမောင်းသွားမယ့်အကြောင်း Krist က ပြောထားပါတယ်။

Google

ထိုင်းအဆိုတော် မင်းသားချောလေး Krist ဟာ ၂၀၁၆ ခုနှစ်မှာ SOTUS အမည်ရှိတဲ့ ထိုင်း ဒရမ်မာနှင့် ထိုင်း ပရိသတ်တွေအပြင် အာရှနိုင်ငံအများအပြားမှာ ရှိတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။