ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရန်အတွက် ဗိုလ်ချုပ်နဲ့မျက်နှာချင်းတူတဲ့သူများကိုရွေးချယ်ခဲ့ရာမှ ဧရာဝတီတိုင်းမှ ကျောင်းဆရာ ကိုမြဖြိုးကို အရွေးချယ်ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်၏ မျက်နှာသွင်ပြင်ပုံစံမှာ ပါးရိုးငေါငေါ ၊ မေးရိုးခိုင်ခိုင် ၊ ခပ်တည်တည်နှင့် မပြင်မဆင် အညာသားမျက်နှာဖြစ်ပါတယ်။ ဗိုလ်ချုပ်၏ မျက်နှာသွင်ပြင်ပုံစံအတိုင်း ရှာဖွေဖို့ကလည်း မလွယ်ကူခဲ့ပေ။ သို့ပေမယ့် လူတူမရှားနာမည်တူမရှားဆိုသလို ဧရာဝတီတိုင်းမှ ကိုမြဖြိုးကို ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Credit to Original Uploader
Credit to Original Uploader

ကိုမြဖြိုးကိုကြည့်လိုက်လျှင် ဗိုလ်ချုပ်၏ မျက်နှာသွင်ပြင်ပုံစံအတိုင်းတွေ့ရပါတယ်။ ဒါကြောင့် ကိုမြဖြိုးကို ကို ဗိုလ်ချုပ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်ကဲ့သို နတ်မောက်နယ်သား မဟုတ်ပါ။ ဧရာဝတီတိုင်းသားတစ်ယောက် ဖြစ်ပါတယ်။

Credit to Original Uploader

ကိုမြဖြိုးကိုတစ်ယောက် ကျောင်းဆရာအလုပ်လုပ်ခဲ့စဉ်ကာလတုန်းကလည်း သူ့ကို အသိမိတ်ဆွေတွေက ဗိုလ်ချုပ်နှင့်တူတဲ့အကြောင်း ပြောကြတယ်လို့ သိရပါတယ်။

Credit to Original Uploader

ကိုမြဖြိုးကိုဟာ ဗိုလ်ချုပ်နှင့်မျက်နှာသွင်ပြင် တူဖို့အပြင် အပြုအမူ ၊ အမူအယာ ၊ နေထိုင်မှုပုံစံတွေပါ တူညီလာစေဖို့အတွက် တစ်နှစ်နီးပါးကြာ လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။

Credit to Original Uploader

ကိုမြဖြိုးကိုတစ်ယောက် ဗိုလ်ချုပ်ဇာတ်လမ်းရိုက်ကူးနေရင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် ဆက်မရိုက်ဖြစ်တော့ပဲ နွေဦးတော်လှန်ရေးမှာ ထည်ထည်ဝင်ဝင်ပါဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်လမ်းအရှည်ကို အပြီးသတ် မရိုက်ကူးနိုင်ခဲ့ပေမယ့် ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်လမ်းတိုလေးကိုတော့ ပြီးဆုံးသည်အထိ ရိုက်ကူးနိုင်ခဲ့တယ်လို့သိရပါတယ်။

Credit to Original Uploader

ရိုက်ကူးပြီးစီးထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်လမ်းတိုကို မြန်မာပြည်မှာ ပြသဖို့ အဆင်မပြေတာကြောင့် နိုင်ငံခြားမှာ ပြသနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Credit to Original Uploader

ကျောင်းဆရာတစ်ယောက်လည်း ဖြစ်ခဲ့ဖူးသူ ဖြစ်တာကြောင့် ကိုမြဖြိုးကိုဟာ နိုင်ငံရေးနှင့် မစိမ်းခဲ့ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ကိုမြဖြိုးကိုဟာလည်း လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။

Credit to Original Uploader
Credit to Original Uploader

အခုအချိန်မှာတော့ ကိုမြဖြိုးကိုဟာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။

Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။