နာမည်ကြီးဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကသ်ရီနားဟာ သူမထက် အသက် ၅ နှစ်ငယ်တဲ့ ဘောလိဝုဒ်မင်းသား ဗစ်ကီနဲ့ အခု ဒီဇင်ဘာလထဲမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ နာမည်ကြီး ဘောလိဝုဒ်သရုပ်ဆောင်နှစ်ယောက်ရဲ့ ခမ်းနားတဲ့မင်္ဂလာပွဲကြီးဖြစ်တာကြောင့် မင်္ဂလာပွဲအတွက် နေ့စဉ်နေ့တိုင်းပြင်ဆင်မှုတွေကို အသေးစိတ်က အစ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

အခုတစ်ခေါက်မှာလည်း ကသ် နှင့် ဗစ်ကီတို့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်လာကြမယ့် မိတ်သဟာရတွေကို တည်ခင်းဧည့်ခံဖို့ ရာဂျစ္စတန်ပြည်နယ်မှာ ဟိုတယ် ၄၅ လုံးတောင် ကြိုတင်ငှားရမ်းထားရတယ်လို့ သိရပါတယ်။

Google

ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာလ၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးရဲ့ မိဘဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ နှစ်ဦးနှစ်ဖက် အပေါင်းအသင်းအသိမိတ်ဆွေတွေကို ကောင်းမွန်စွာ ဖိတ်ကြားဧည့်ခံနိုင်ဖို့ မင်္ဂလာပွဲကို  သုံးပွဲကျင်းပသွားမယ်လို့လည်းသိရပါတယ်။

Google

လက်ရှိမှာ မင်္ဂလာဇနီးမောင်နှံလောင်းတွေဖြစ်ကြတဲ့ ကသ်နှင့်ဗစ်ကီတို့လည်း အရမ်းကို အလုပ်တွေရှုပ်နေကြပါတယ်။

Google

မင်္ဂလာပွဲကို ရှာရွတ်ခန်းအပါအဝင် အခြားနာမည်ကြီး ဘောလိဝုဒ်သရုပ်ဆောင်များစွာလည်း တတ်ရောက်မယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။