အင်းဝမြို့ကြီးကိုရောက်ရှိပြီဆိုရင် လာရောက်လည်ပတ်သူတွေကို မြင်းလည်းနှင့် အနှံ့ လိုက်လံပို့ဆောင်ပေးနေသော မြင်းလှည်းမောင်းသူများကို အရင်ကြိုတွေ့ရပါတယ်။ အင်းဝမြို့နှင့် မြင်းလှည်းဟာ ခွဲခွာလို့ မရအောင်ကို အတွဲညီလွန်းလှပါတယ်။ အခုလို ဆောင်းရာသီမှာဆိုရင် အေးစက်စက်ဆောင်းရဲ့ ချမ်းစိမ့်မှုနှင့် မြင်းလှည်းလေး စီးပြီး အင်းဝမြို့ကြီးကို လျှောက်လည်လိုက်ရင် အင်မတန်မှ ပျော်စရာကြီးပါ။

Google
Google

အခုအချိန်မှာတော့ ရိုက်ခတ်မှုဒဏ်တွေကြောင့် မြင်းလှည်းဆရာများတော်တော် ကျပ်တည်းနေကြပါတယ်။ အဲဒီအထဲမှာ အခုပုံထဲမှာ မြင်တွေ့ရတဲ့မြင်းလှည်းဆရာ ဘဘကြီးလည်း တစ်ဦးအပါအဝင်ပါပဲ။ ဒီအကြောင်းအရာလေးကို မြင်းလှည်းဆရာ ဘဘကြီးကို မျက်မြင်တွေ့ရှိခဲ့ရသော  ခရီးသွားတစ်ဦးတင်ထားတဲ့ စာလေးဆီကနေပြီး ကိုးကားရေးထားတာဖြစ်ပါတယ်။

Photo - Crd

မြင်းလှည်းဆရာ ဘဘကြီးဟာ ခေတ်ကာလ အခြေအနေကြောင့် ခရီးသည်မရရှိဘဲ တစ်နေ့တစ်နေ့ ဖြတ်သန်းသွားကြသော မှန်အလုံပိတ်ကားများကိုသာ လိုက်ကြည့်နေကြရပါတယ်။ မှန်အလုံပိတ်ကားများဟာလည်း မှန်ပိတ်ထားရင်လုံနေသောကြောင့် မြင်းလှည်းဆရာဘဘကြီးရဲ့ “မြင်းလှည်းလေး စီးဦးမလား” ဆိုတဲ့ စကားကို မကြားကြပါဘူး။

Photo - Crd

စီးနင်းသူမရှိသော မြင်းလှည်းလေးတွေဟာ ခေတ်ကာလ အခြေအနေကြောင့် ပျောက်ကွယ်လုမတတ်ကို ဖြစ်နေပါပြီ။ဒါကြောင့် လှပလွန်းလှတဲ့ အင်းဝမြို့ကြီးရဲ့ ရှုခင်းတွေနဲ့ ခွဲခွာလို့မရအောင် လိုက်ဖက်လွန်းလှတဲ့ မြင်းလှည်းလေးတွေ ပျောက်ကွယ်မသွားစေဖို့ လမ်းကြုံလို့များ အင်းဝကို ရောက်ခဲ့ရင် မြင်းလှည်းဆရာ ဘဘကြီးဆီကနေ အားပေးခဲ့ကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။