“အောင်မြင်ကျော်ကြားသူများ” ဆိုတဲ့စကားလုံးကို ကြားလိုက်ရင် ဘယ်အရာကို မျက်စိထဲပြေးမြင်သွားလဲ?

“အောင်မြင်ကျော်ကြားသူများ” နဲ့ အဓိကတွဲပြီးမြင်တွေ့ကြတာကတော့ “ချမ်းသာကြွယ်ဝမှု” ပဲဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ဟောလိဝုဒ်သရုပ်ဆောင်တွေဆိုရင် ချမ်းသာတဲ့လူတွေလို့ပဲ မြင်ကြပါတယ်။ ဘာလို့ဆို သူတို့တွေက ရုပ်ရှင်တစ်ကားရိုက်ရုံနဲ့ကို တစ်သက်လုံးစားမကုန်လောက်တဲ့အထိငွေကြေးတွေရရှိသွားပြီလေ။ ဒါပေမယ့် ဟောလိဝုဒ်သရုပ်ဆောင်တွေကြားထဲမှာလည်း ကြွယ်ဝချမ်းသာမှု ကွာဟချက်တွေရှိနေတယ်ဆိုတာ လူတော်တော်များများ မသိကြပါဘူး။ ဟောလိဝုဒ်သရုပ်ဆောင်တွေက သာမန်လူတွေထက် ငွေကြေးပိုမိုရှာဖွေနိုင်သော်လည်း တချို့သော ဟောလိဝုဒ်သရုပ်ဆောင်တွေကတော့ မွဲပြာကျသွားသည်အထိ ငွေကြေးများကို လွဲမှားစွာ စီမံခန့်ခွဲတတ်ကြပါတယ်။ ဒီအထဲမှာ ဟောလိဝုဒ်မင်းသားကြီး Nicolas Cage လည်း အပါအဝင်ပဲဖြစ်ပါတယ်။

Google

ဟောလိဝုဒ်သရုပ်ဆောင်ကြီး Nicolas Cage ဟာ ထွက်သမျှရုပ်ရှင်တိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့အထိ အောင်မြင်မှုရရှိခဲ့တာပါ။ မင်းသားကြီး Nicolas Cage ဟာ  လူတိုင်းတွေးထားတဲ့ ပိုက်ဆံပမာဏထက်ကို ပိုပြီးရရှိခဲ့တဲ့သူပါ။ ဒါပေမယ့် Nicolas Cage က ဆန်းပြားတဲ့တိရစ္ဆာန်တွေ ၊ လေယာဉ်ပျံတွေ ၊ အိမ်တွေခြံတွေနဲ့ပတ်သတ်ပြီး ဘယ်တော့မှ တင်းတိမ်မရောင့်ရဲနိုင်တဲ့သူပါ။ ငွေကြေးဘယ်လောက်များများ ဆန်းပြားတဲ့အရာတွေဆိုရင် ရအောင်ဝယ်ယူချင်တဲ့စိတ်ကြောင့်ပဲ Nicolas Cage ရဲ့ ဘဝက အခုလို ပြောင်းလဲသွားရတာဖြစ်ပါတယ်။

Google

လူ့ဘဝကြီးက အမြဲ တစ်သားမတ်တည်း မသွားဘူးလေ။ Nicolas Cage တစ်ယောက် ရိုက်ကူးရေးအတွက် ကမ်းလှမ်းချက်များ မရရှိတော့တဲ့အချိန်မှာတော့ သူဝယ်ယူထားတဲ့အရာတွေအတွက် အစိုးရဆီမှာ မပေးဆောင်ရသေးတဲ့ အခွန်ငွေတွေနှင့် ပတ်သတ်ပြီး အကြွေးအမေရိကန်ဒေါ်လာငွေ ၁၄ သန်း တင်သွားခဲ့ပါတယ်။

Google

ထို့အပြင်သူ့ရဲ့ ဇနီးဟောင်းက ဒေါ်လာ ၁၃ သန်းနစ်နာကြေးရဖို့ တရားစွဲခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အိမ်ခြံမြေကုမ္ပဏီတစ်ခုကလည်း ငွေပေးချေရန်ပျက်ကွက်မှုကြောင့် Nicolas Cage ကို တရားရုံးသို့ခေါ်ဆောင်သွားခဲ့ပါတယ်။ Nicolas Cage ဟာ မွန်ဂိုလီးယားပြည်က ဒိုင်နိုဆောဦးခွံအစစ်ကိုလည်း ဝယ်ယူခဲ့ဖူးပြီး ငွေကြေးအဆင်မပြေတော့တာကြောင့် မွန်ဂိုလီးယား အစိုးရဆီ ပြန်လည်အပ်နှံခဲ့ရတယ်လို့ သိရပါတယ်။

Google

ရှားပါးတဲ့ အရာဝတ္ထုတွေကိုမှ ကြိုက်နှစ်သတ်တဲ့ Nicolas Cage ဟာ ငွေကြေးပိုမိုတိုးပွားစေမယ့် ရင်းနှီးမြုပ်နှံမှုမျိုး မလုပ်ခဲ့ဘဲ သုံးပဲသုံး ဖြုန်းပဲဖြုန်းနေခဲ့တာကြောင့် အခုလို ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ လူအများက သုံးသပ်ထားကြပါတယ်။

Google

ရရှိခဲ့ဖူးတဲ့ ငွေကြေးတွေကိုသာ သေသေချာချာလေး စီမံခန့်ခွဲနိုင်ခဲ့မယ်ဆိုရင် Nicolas Cage တစ်ယောက် အခုအချိန်မှာ ဟောလိဝုဒ်သရုပ်ဆောင်တွေထဲ အချမ်းသားဆုံးစာရင်းမှာတောင်ပါလာနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။