သရုပ်ဆောင်စည်ဖြိုးနှင့်မော်ဒယ်ခင်လွှမ်းတို့ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ထိမ်းမြားးလက်ထပ်ပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာတော့ သမီးလေးတစ်ဦးကို ဖွားမြင်ခဲ့ပါတယ်။

Si Phyo's Facebook

စည်ဖြိုးနှင့်ခင်လွှမ်းတို့ရဲ့ သမီးလေးဟာဆိုရင် အရမ်းကို ချစ်ဖို့ကောင်းပြီး ပြုံးချိုသော မျက်နှာပိုင်ရှင်သမီးလေး ဖြစ်ပါတယ်။ သမီးလေးနာမည်လေးကိုတော့ ကိန္ဒရီရွှေစည် ၊ Shandra Shwe Si လေးလို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

Shandra's Facebook

Shandra Shwe Si လေးဟာ ပါးဖောင်းဖောင်းလေးနဲ့ သူ့အမေနဲ့အဖေဆီက အချောဓာတ်လေးတွေ စုပြီးရရှိထားတာဖြစ်ပါတယ်။ Shandra လေးရဲ့ အသက်က အခုဆိုရင် ၁ နှစ်ကျော်သွားပြီပဲဖြစ်ပါတယ်။

Shandra's Facebook
Shandra's Facebook
Shandra's Facebook

လတ်တလောမှာ သရုပ်ဆောင်စည်ဖြိုးနှင့် မော်ဒယ်ခင်လွှမ်းတို့လင်မယားဟာ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး အေးအေးချမ်းချမ်းနေထိုင်နေကြတာပဲဖြစ်ပါတယ်။

Shandra's Facebook

သမီးလေး Shandra လေးကလည်း ဖိုးဖိုး ဖွားဖွား ဖေဖေ မေမေ တို့အားလုံးရဲ့ အချစ်တော်လေး ဖြစ်လို့နေပါပြီ။ Shandra လေးတောင် ဒီအရွယ်လေး ရှိနေပြီနော်။ ဟိုးသေးသေးလေးကနေ ကြီးလာလိုက်တာ .. အရမ်းချစ်ဖို့ကောင်းတာပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။