လူရွှင်တော်မိုးစက်မှ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီလှူဒါန်းပေးနေရင်း အခုလို အိုးတိုက်ခွဲပြာရောင်းနေတဲ့ မြေးအဖွားနှစ်ယောက်ကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ အဖွားအသက်မှာ ၇၀ ဖြစ်ပြီး မြေးလေးရဲ့ မိဘ နှစ်ပါးစလုံးမှာလည်း မရှိတော့ကြောင်းအဖွားမှ လူရွှင်တော် မိုးစက်ကို ပြောလာပါတယ်။ ကောင်လေးရဲ့ မိခင်မှာ တရုတ်ပြည်ဆိုပြီး ထွက်သွားပြီးကတည်းက ပြန်မလာတော့ကြောင့် ဖခင်မှာလည်း ပြန်မလာတော့ကြောင်းပြောရင်း ဝမ်းရေးအတွက် မြေးအဖွားနှစ်ယောက် ကျူးကျော်တဲလေးမှာနေထိုင်ရင်း အိုးတိုက်ခွဲပြာလေးတွေ လိုက်လံရောင်းချနေကြတာပဲဖြစ်ပါတယ်။ မြေးဖြစ်သူလေးရဲ့ အသက်ကတော့ ၉ နှစ်လို့သိရပါတယ်။

Moe Set's Facebook

လူရွှင်တော်ာ်မိုးစက်မှ မြေးအဖွားနှစ်ယောက်ကို အလှူငွေလှူဒါန်းပေးရင်း အခြားသူများလည်း သိရှိပြီး လှူဒါန်းပေးလို့ရအောင် လူမှုကွန်ရက်စာမျက်နှာပေါ်တင်ပေးထားတာပဲဖြစ်ပါတယ်။ ဒါကို သရုပ်ဆောင်နေဒွေးက မြင်သွားပြီ အဖွားရဲ့ မြေးလေးကို မွေးစားလိုတဲ့အကြောင်း လူရွှန်တော် မိုးစက်ဆီကို ဖုန်းဆက်လာတာပဲဖြစ်ပါတယ်။

Moe Set's Facebook

လူရွှန်တော်မိုးစက်က ဖြစ်စဉ်အပြည့်အစုံကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို ရေးထားပါတယ်။

“မိဘတွေ ပြန်မလာကြလို့ မြေးအဖွားနှစ်ယောက်

ရုန်းကန်နေရတာကြောင့် ၊ အဖွားရဲ့မြေးလေးကို

မင်းသား ကိုနေဒွေးက မွေးစားချင်တယ်ဆိုပြီး

ကျွန်တော့်ဆီကို ဖုန်းနဲ့ဆက်သွယ်လာပါတယ်။

အဖွားတို့ အိမ်နားက ဖုန်းကိုဆက်ပြီး

အဖွားကို မေးလိုက်တဲ့အခါမှာ...

"ကျူးကျော်တဲလေးထဲမှာ နေနေရပြီး

နေ့စဉ်သူနဲ့ အတူ အိုးတိုက်ဖွဲပြာ လည်ရောင်းနေရတဲ့

သူ့မြေးလေး ကောင်းစားမယ်ဆိုရင်

သူထည့်ပေးပါမယ်တဲ့..."

အဖွားကိုလဲ  လစဉ်ထောက်ပံ့ပေးပြီး

မြေးအဖွားနှစ်ယောက်တွေ့ဆုံခွင့်လဲ ပေးမယ်ဆိုလို့

ကိုနေဒွေး ကို အထူးကျေးဇူးတင်မိပါတယ်ခင်ဗျာ။”

Moe Set's Facebook
Moe Set's Facebook

မြေးအဖွားနှစ်ယောက်ကို မခွဲလိုပေမယ့် သရုပ်ဆောင်နေဒွေးမှ သူမွေးစားပြီးရင်လည်း  အခုလို တွေ့ဆုံခွင့်လည်းပေးမယ် ကောင်းကောင်းမွန်မွန်လေးလည်း နေရမယ်ဆိုရင် ကလေးလေးဘဝပိုကောင်းလာနိုင်ပါတယ်။ ဒီလိုမှ အသက် ၇၀ အရွယ် အဖွားနှင့် မြေးလေး တို့လည်း  အဆင်ပြေပြေလေး နေထိုင်သွားကြရမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။