ထိုင်းမင်းသမီးချောလေး Davika Hoorne ဟာ လှပလွန်းလှတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် လူကြိုက်များလွန်းလှတဲ့ကောင်မလေးဖြစ်ပါတယ်။ Davika ဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ၂၉ နှစ်အရွယ်လို့ကိုထင်ရက်စရာမရှိတဲ့ကောင်မလေးပါ။သူမကို Mai Davika လို့လည်း လူသိများပါတယ်။

Davika ဟာ ၂၀၁၀ ခုနှစ်တုန်းက Ngao Kammathep ဆိုတဲ့ဇာတ်လမ်း မှာ အဓိက သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး အနုပညာလမ်းမထက်ဆီကို စတင်ရောက်ရှိလာသူလေးဖြစ်ပါတယ်။ Davika ရဲ့ မိခင်က ထိုင်းလူမျိုးဖြစ်ပြီး ဖခင်ကတော့ ဘယ်လ်ဂျီယံ လူမျိုးဖြစ်ပါတယ်။ Davika ရဲ့ မိခင်နှင့်ဖခင်တို့ဟာ Davika အသက် ၁၀ နှစ်အရွယ်မှာကတည်းက ကွာရှင်းခဲ့ကြသူတွေဖြစ်ပါတယ်။Davika လေးကို သူမရဲ့ မိခင်နှင့် အဒေါ်တို့က ပြုစုစောင့်ရှောက်ခဲ့ကြတာဖြစ်ပါတယ်။ လူမျိုးခြား ကပြားလေး တစ်ယောက်ဖြစ်တာကြောင့် Davika ရဲ့ မျက်နှာလေးက အရမ်းကို လှပါတယ်။

Davika မှာ အရမ်းကို ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားလေးရှိတာကြောင့် ဘာဝတ်ဝတ်ကို လှပနေတဲ့သူလေးပါ။

သူမရဲ့ အင်စတာဂရမ်အကောင့်မှာဆိုရင်လည်း ဖော်လိုဝါ ၁၄.၇ သန်းအထိ ရှိပါတယ်။ ဒီကနေ့မှာလည်း Davika တစ်ယောက် သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ရိုးရှင်းယဉ်ကျေးပြီး ဘုရားဖူးသွားတဲ့ ဝတ်စုံဖက်ရှင်လေးနဲ့ လှပလွန်းတဲ့ ပုံလေးတွေတင်လိုက်ပြန်ပါပြီ။

ဒီတစ်ခေါက်သူမဝတ်ထားတဲ့ ဖက်ရှင်လေးဟာဆိုရင် မြန်မာမလေးတစ်ယောက်နဲ့တောင်တူလို့နေပါသေးတယ်။ အရမ်းကို ချစ်ဖို့ကောင်းတာပဲ Davika ရေ.. ကြည့်ကြည့်ပြီးကို ကြွေတာနော်။ ချစ်လိုက်တာ ကောင်မလေးရေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။