ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ဟာ ချင်းတိုင်းရင်းသား အဆိုတော် Benjamin Sum ရဲ့ မွေးနေ့ဖြစ်ပါတယ်။ Benjamin Sum ဟာ သူ့ရဲ့မွေးနေ့ အလှူအဖြစ် ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ဝက်အင်းပေါက် စစ်ဘေးရှောင်စခန်းမှာ ဘက်စုံသုံးခန်းမ တည်ဆောက်ရန်အတွက် အလှူငွေ ကျပ် ၂ သိန်းတိတိ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

Benjamin Sum

ဝက်အင်းပေါက် စစ်ဘေးရှောက်စခန်းမှာဆိုရင် ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေ အများဆုံးနေကြပြီး စုစုပေါင်း အိမ်ခြေ ၁၈၅ အိမ်ရှိပါတယ်။ ဘက်စုံသုံးခန်းမကြီးကို စစ်ဘေးရှောင်တွေအတွက် စက်ချုပ်သင်တန်း ၊ လက်မှုသင်တန်း ၊ ဝတ်ပြုဆောင်နှင့် အခမ်းအနားတွေအတွက် အသုံးပြုကြတယ်လို့ သိရပါတယ်။

Photo -  Crd
Photo - Crd

အဆိုတော် Benjamin Sum ဟာ ချယ်လ်ဆီးပရိသတ်တစ်ယောက်ဖြစ်ပြီး  ယမန်နေ့က သူ့ရဲ့မွေးနေ့မှာလည်း Chelsea Official FC ဆီက အသင်းခေါင်းဆောင် ကွီတာရဲ့ လက်မှတ်နဲ့ မွေးနေ့ဆုတောင်း ရရှိခဲ့ပါတယ်။

Benjamin Sum

Benjamin Sum ဟာ မြန်မာ အိုင်ဒေါ Season 4 မှာ  Grand Finale အထိ တတ်ရောက်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိလွန်းလှတဲ့အသံနှင့် ထူးခြားတဲ့ရုပ်ရည်သွင်ပြင်ပုံစံလေးကြောင့် Benjamin Sum ကို အားပေးတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။

Benjamin Sum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။