“You Only Live Once” ဆိုတဲ့စကားအတိုင်း လူသားတွေသာ တစ်ကြိမ်တစ်ခါသာ အသက်ရှင်ရမှာပါ။ တစ်ကြိမ်တစ်ခါပဲ အသက်ရှင်ရတဲ့ဘဝကြီးမှာ Night Bird ဆိုတဲ့ကောင်မလေးကတော့ သူအသက်ရှင်ဖို့ ၂ ရာခိုင်နှုန်းသာရှိတော့မယ်ဆိုတာ သိနေခဲ့ပါတယ်။ အသက်ရှင်ဖို့ ၂ရာခိုင်နှုန်းသာ ရှိတော့တယ်ဆိုတာ သိနေပေမယ့်လည်း Night Bird ဟာ ၀ ရာခိုင်နှုန်းမှ မဟုတ်တာဆိုတဲ့စိတ်နဲ့ America's Got Talent မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Google

တော်ရုံလူဆို မတ်တပ်ရပ်ဖို့တောင် အားမရှိနိုင်တော့တဲ့အခြေအနေမှာ Night Bird တစ်ယောက် America's Got Talent ပြိုင်ပွဲမှာ Simon ကိုယ်တိုင်ပေးခဲ့တဲ့ Golden Buzzer ဆုကြီးကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလမှာလည်း Night Bird ဟာ သူမရဲ့ရောဂါအခြေအနေကို ဝေမျှပေးခဲ့ပါတယ်။ သူမဟာ ကျောရိုး ၊ အဆုတ်နှင့် ၊ အသည်းတို့မှာ ကင်ဆာဆဲလ်တွေ ပြန့်နေတဲ့သူဖြစ်ကြောင်း အသက် ရှင်ဖို့ ၂ ရာခိုင်နှုန်းသာရှိတဲ့သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Google

အခုအချိန်မှာတော့ Night Bird ဟာ နိုင်ငံတကာမှာ သူမ ယှဉ်ပြိုင်ခဲ့တဲ့ “It’s ok” သီချင်းနဲ့ နေရာတစ်ခုကို ရောက်ရှိလို့ လာပြီပဲဖြစ်ပါတယ်။ Night Bird ပြောခဲ့ဖူးတဲ့ စကားလေးရှိတယ်။ “လူတွေဟာ ကိုယ်ပျော်ရွှင်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် အခက်အခဲတွေမရှိတော့တဲ့အချိန်အထိမစောင့်နိုင်တော့ဘူး” တဲ့။ သူမလည်း အဲဒီလိုပါပဲ။ သူမသာ နေကောင်းလာမှ ရောဂါ ပြန်ပြီးသက်သာလာမှ သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ရင် အခုအချိန် Night Bird ဆိုတာ ရှိချင်မှ ရှိတော့မှာပါ။

Google

Night Bird ဟာ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် America’s Got Talent  ပြိုင်ပွဲကို အဆုံးထိ ဝင်ရောက်မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။

Google

ဒါပေမယ့် ကင်ဆာရောဂါကို ကုသဖို့ အမေရိကန်ဒေါ်လာ 5 သိန်းကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုးဆုံးအခြေအနေကနေ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ Night Bird ကို အခုအချိန်မှာ ကမ္ဘာပေါ်ကလူတွေတော်တော်များများလည်း သိနေကြပါပြီ။လုံးဝအသက်ရှင်ဖို့ အခွင့်အရေး အနည်းဆုံးအချိန်မှာတောင် အောင်မြင်မှုတွေရအောင် ယူနိုင်ခဲ့တဲ့ Night Bird ရဲ့ စိတ်ဓာတ်က တကယ့်ကို အံ့သြစရာကောင်းလွန်းလှပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။