နာမည်ကြီးထိုင်းသရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ မင်းသားချော Mark Prin နှင့် မင်းသမီးချောလေး Kimmy Kimberley Anne Woltemas တို့ဟာ လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ မကြာသေးမီက Mark Prin ဟာ အခန်းအနားတစ်ခုကို တတ်ရောက်ခဲ့ပြီး အဲဒီမှာဖြေခဲ့တဲ့ အင်တာဗျူးမှာ သူ့ကောင်မလေး Kimmy Kimberley Anne Woltemas နှင့် လက်ထပ်မယ့်အစီအစဉ်လေးကို ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Google

Mark Prin က သူနဲ့သူကောင်မလေးတို့ လက်ထပ်ဖို့အတွက် ဆွေးနွေးထားကြတယ်ဆိုပေမယ့် လက်ထပ်ဖို့ အချိန်စောနေတာကြောင့် စောင့်နေတာဖြစ်တဲ့အကြောင်းပြောထားပါသေးတယ်။ သူ့ကောင်မလေး Kimmy Kimberley Anne Woltemas ကို ဖွင့်ပြောခဲ့တဲ့ နေရာလေးက သူတို့အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့နေရာလေးဖြစ်ကြောင်း အရိပ်အမြွတ်လေးလည်း ထပ်ပြီးပြောပါသေးတယ်။ ဒါကြောင့် Mark Prin တို့စုံတွဲလေး လက်ထပ်ဖို့ နေရာရွေးမယ်ဆို အဲဒီနေရာလေး ရွေးကြဖို့များပါတယ်။

Google
Google
Google

လက်ထပ်ဖို့အချိန်ကိုတော့ ၂၀၂၂ ခုနှစ်မှာ ဖြစ်ဖို့မျှော်လင့်ထားပြီး Mark Prin ကိုယ်တိုင်လည်း ၂၀၂၂ ခုနှစ်မှာ လက်ထပ်ချင်ကြောင်းပြောထားပါတယ်။

Google

လက်ထပ်ဖို့အချိန်ကောင်းလေး စောင့်နေတာဖြစ်တာကြောင့် အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ပရိသတ်တွေ အားလုံးကို အရင်ကြိုပြီး အသိပေးမယ်လို့လည်း Mark Prin က ထပ်ဆောင်းပြောထားပါတယ်။

Google

လူတိုင်းအားကျရတဲ့ Mark Prin နှင့် မင်းသမီးချောလေး Kimmy Kimberley Anne Woltemas တို့တွေ ချစ်သူရည်စားတွေဖြစ်နေခဲ့ကြတာ ၇ နှစ်ကျော်ကြာသွားပြီပဲဖြစ်ပါတယ်။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ စုံတွဲလေးပဲနော်.. ချစ်လိုက်တာ ချစ်လိုက်တာ ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။