Kim Jong Kook ဟာ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိနေပေမယ့် အခုအချိန်ထိ လက်မထပ်ရသေးတဲ့ Kim Jong Kook ကို သူ့သူငယ်ချင်းတွေက SBS ရုပ်သံလိုင်းရဲ့ Dolsing Fourmen အစီအစဉ်မှာ ဘယ်တော့လက်ထပ်မှာလဲ ဝိုင်းမေးတာကြောင့် လူပျိုကြီး Kim Jong Kook တစ်ယောက် အခုလိုမျိုးဖြေကြားလိုက်တာပဲဖြစ်ပါတယ်။

Soompi

Dolsing Fourmen အစီအစဉ်မှာဆိုရင် အသက် ၄၀ ကျော်အဖွဲ့ထဲမှာ လက်မထပ်ရသေးတဲ့သူဆိုလို့ Kim Jong Kook ကြီးတစ်ယောက်ပဲကျန်ပါတော့တယ်။ ဒါကြောင့် Kim Jong Kook က “ ဒီအဖွဲ့ထဲမှာ လက်မထပ်ရသေးတဲ့သူဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတော့တယ်လေ။ ဒါကြောင့် ဒီလူတွေကျွန်တော့်ကို ဝိုင်းပြီးမနာလိုဖြစ်နေကြတာ” လို့ဖြေထားပါတယ်။နောက်ထပ်လည်း Kim Jong Kook ဟာသူ တစ်ယောက်တည်းနေရင် အထီးကျန်မယ့်အကြောင်းကို အခုလို ဖြေထားပါတယ်။

Google

“ကျွန်တော့်နားမှာရှိတဲ့လူတိုင်းကပြောကြတယ်။မင်းအသက်ကြီးလာတာနှင့်အမျှ ပိုပိုပြီးအထီးကျန်လာလိမ့်မယ်တဲ့။ အဲဒါကြောင့် မင်းလက်ထပ်သင့်နေပြီတဲ့”

Google

နောက်ထပ်လည်း Kim Jong Kook ဟာ သူ အသက် ၄၀ ကျော်အတွင်းမှာပဲလက်ထပ်ချင်ကြောင်းပြောထားပါတယ်။ လူပျိုကြီး Kim Jong Kook တစ်ယောက် နောက်ထပ် ၅ နှစ်အတွင်းမှာ လက်ထပ်နိုင်မှာလား။ လက်မထပ်နိုင်ဘူးလား ဆိုတာကိုတော့ ဆက်လက်ပြီးစောင့်ကြည့်သွားကြရမှာပါနော်။ Kim Jong Kook ဟာ အဆိုတော် ၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို Running Man အဖွဲ့ထဲမှာဆိုရင်လည်း အရမ်းကို နာမည်ကြီး လူကြိုက်များတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။