နေ့တစ်နေ့ရဲ့ အလှပဆုံးအချိန်က ညနေဆည်းဆာချိန် ၊ နေဝင်ချိန်နှင့် နေထွက်ချိန်ဖြစ်ပါတယ်။ အရမ်းလှပလွန်းတဲ့နေ့တစ်နေ့ရဲ့ အချိန်တွေကို ကြည့်ရှုခံစားဖို့ လူတော်တော်များများက ကမ်းခြေတွေသွားကြတယ်။ တောင်တန်းတွေဆီ သွားကြပါတယ်။ တစ်နေ့တာရဲ့ အလှဆုံးအချိန်တွေကို ကမ္ဘာထဲကနေမဟုတ်ဘဲ အာကာသကနေ ကြည့်ရင်ရော လှပဦးမလား ။ ကမ္ဘာကြီးရဲ့ ပြင်ပ အာကာသထဲကနေပြီး ကမ္ဘာမြေကြီးကို ပြန်ကြည့်ဖို့ဆိုတာကတော့ အရမ်းကို ခက်ခဲလွန်းလှတဲ့ အခွင့်အရေးတစ်ခုပါ။ ခက်ခဲလွန်းလှတဲ့အခွင့်အရေးကြီးဖြစ်လို့ အားလုံးပဲ အတူတူကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Twilight(ညနေဆည်းဆာချိန်)
Sunset(နေဝင်ချိန်)
Sunrise(နေထွက်ချိန်)

ကမ္ဘာကြီးကကြီးမားတယ်။ ကျယ်ပြန့်တယ် ။ လှပတယ်။ ကဗျာဆန်ပါတယ်။ ကဗျာဆန်ပြီး လှပနေတဲ့ ကမ္ဘာကြီးဟာ စကြဝဋ္ဌာကြီးနဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။ ကမ္ဘာကြီးဟာ နေ မှကြည့်ရင် တတိယမြောက် ဂြိုလ်ကြီးဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ ၂၉.၂ ရာခိုင်နှုန်းဟာ တိုက်ကြီးများနှင့်ကျွန်းများပါဝင်သော ကုန်းမြေဖြစ်ပါတယ်။ ကျန် ၇၀.၈ ရာခိုင်နှုန်းကို သမုဒ္ဒရာများ ၊ ပင်လယ်များ ၊ ပင်လယ်ကွေ့များ စသည့် ဆားငန် ရေများဖြင့် သာမက ရေအိုင်များ မြစ်များ ကန်များစသည့် ရေချိုများဖြင့် ဖုံးလွှမ်းထားပါတယ်။

Sunrise(နေထွက်ချိန်)

ကမ္ဘာပြင်ပကနေ နေထွက်ချိန် နေဝင်ချိန် ဆည်းဆာချိန် မြင်ကွင်းလေးတွေကို တွေ့မြင်ရတာ အရမ်းကို ဆန်းကြယ်ပြီး ထူးခြားနေပါတယ်။ ဒီလိုကြည့်တော့လည်း လူသားတွေဟာ တော်တော်ကို လှပတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြတာပဲ။ ဒါကြောင့် ကမ္ဘာကြီးကို တန်ဖိုးထားပြီး ချစ်ခင်ပေးသွားကြရအောင်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။