Wanted အဖွဲ့ရဲ့ ဖော်ကာဟာဆိုရင် ကောင်းမွန်လွန်းလှတဲ့သီချင်းတွေနဲ့ လူကြိုက်အရမ်းများတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဖော်ကာဟာ သူ့အမျိုးသမီးဖြစ်သူနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဖော်ကာဟာ သားဦးလေးတစ်ယောက်ရဲ့ အဖေဖြစ်ပြီးပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း သမီးလေးတစ်ယောက် ထပ်မံရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သမီးလေး အဆင်ပြေပြေ ချောချောမွေ့မွေ့မွေးဖွားနိုင်ခဲ့တဲ့အကြောင်းကို ဖော်ကာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေး ရေးတင်ထားပါတယ်။

“သမီးလေး "ကြိုးကလေး\ကြိုးချေ"

ကျန်းကျန်းမာမာနဲ့ မွေးပါပြီ! ??‍?‍?‍?”

Htain Minn Zaw

အဆိုတော်ဖော်ကာရဲ့ ဒုတိယမြောက်သမီးလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းပြီးသူ့အစ်ကို ဂျက်ချေ မွေးခါစကရုပ်ကလေးနဲ့ တစ်ရုပ်တည်းပါပဲ။

Htain Minn Zaw
Htain Minn Zaw

ဖော်ကာဟာ SIR အဖွဲ့ကနေထွက်ခဲ့ပြီးနောက်မှာတော့ Wanted အဖွဲ့မှာဆက်လက်ပြီး သီချင်းတွေသီဆိုနေခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ဖော်ကာဟာ မြန်မာပြည်မှာ အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့စဉ်ကာလကလည်း စစ်တပ်နှင့်ဆက်နွှယ်နေတဲ့ Andaman Gold နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ပွဲ ၄၀ စာ မြန်မာငွေသိန်း ၁၆၀၀ တန်စာချုပ်ကို အနစ်နာခံကာ ဖျက်သိမ်းခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

Htain Minn Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။