ရေဒီယိုမှာ နေ့တိုင်း အရူးထောင်ကနေလွတ်သွားတဲ့ Hook Man ဆိုတ‌ဲ့ လူအကြောင်းကို လွင့်နေပေမယ့် သူမကတော့ နားမထောင်နေခဲ့သလို ဂရုလည်းမစိုက်ခဲ့ပါဘူး။ သူမစိုးရိမ်နေခဲ့တာဆိုလို့ ချိန်းတွေ့တဲ့နေကျရင် ဘာ၀တ်ရမလဲ ဆိုတာကိုပါပဲ။ အဲ့နောက် သူငယ်ချင်းတွေနဲ့သူမတိုင်ပင်လိုက်ပြီး အပြာရောင် ၀တ်စုံလေးကို ၀တ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ချိန်းတွေ့တဲ့နေ့ကျ ကောင်လေးက သူမကိုကားနဲ့လာခေါ်ခဲ့ပြီး ရုပ်ရှင်ကြည့် မုန့်စားနဲ့ ချစ်ကြည်နူးရင်း အချိန်တွေကုန်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက် ကားထဲမှာ ရေဒီယိုက သီချင်းလေးနဲ့ စကားပြောနေကြရင်း နေ့ခင်းတုန်းက သူမကြားမိခဲ့တဲ့ သတင်းကို ပြန်ကြားနေမိခဲ့ပါတယ်။

အကြောင်းကတော့ လွတ်သွားတဲ့ အရူးဟာ သူတို့နေတဲ့နေရာ၀န်းကျင်းမှာ ရှိနေတယ်ဆိုတာပါပဲ။ အဲ့ချိန်မှာ ကောင်မလေးက " Bae တို့ ဒီနေရာကထွက်သွားသင့်တယ်နော်... ဒီ ချိတ်နဲ့လူက အန္တရာယ်ရှိနိုင်လောက်တယ် " လို့ပြောလိုက်ပါတယ်။ " ဟာ... Bae ကလည်း ဘာတွေကြောက်နေတာ ကိုရှိနေတာပဲ " ဆိုပြီး ကောင်လေးကပြောခဲ့ပေမယ့် " မဖြစ်ဘူး ခုပြန်မှဖြစ်မယ် Bae ကြောက်တယ် " ဆိုပြီး ကောင်မလေးက ပြောခဲ့ပါတယ်။ အဲ့နောက်သူတို့နှစ်ယောက် ခဏတာငြင်း‌ခုံနေခဲ့ကြချိန်မှာ ကားကို တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်က ထိမိသွားတာကြောင့် ကောင်မလေးကလန့်ပြီး " ဒီကနေ သွားပါတော့ " ဆိုပြီးအော်ဟစ်ခဲ့မိလိုက်မှ ကောင်လေးကစိတ်ပျက်ပျက်နဲ့ ကားမောင်းခဲ့ပါတယ်။

အဲ့ချိန်မှာပဲ သူတို့ကားကနေ ခြစ်ရာလိုလိုအသံတွေကို ကြားခဲ့ရပေမယ့် နှစ်‌ေယာက်လုံး သတိမထားမိခဲ့ကြပါဘူး။ တစ်လမ်းလုံးစကားမပြောပဲ အိမ်ကိုရောက်လာခဲ့ပါတယ်။ အိမ်ရောက်ချိန်မှာ ကောင်လေးက ကောင်မလေးကို တံခါးထမဖွင့်ပေးခဲ့တာမို့ ကောင်မလေးက စိတ်ကောက်ကောက်နဲ့ သူ့ဘာသာတံခါးဖွင့်ခဲ့ပါတယ်။ တံခါးကိုလှည့်ပြီး ပိတ်လိုက်ချိန်မှာတော့ သူမဟာ အလန့်တကြားအော်ဟစ်ပြီး လဲကျသွားပါတယ်။ အဲ့တော့မှကောင်လေးက ကားထဲကနေခုန်ထွက်ပြီး ကောင်မလေးကို ဘာဖြစ်တာလဲမေးကာ ကားကုိကြည့်လိုက်ချိန်မှာ သူလည်း ထိတ်လန့်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်မြင်လိုက်ရတာကတော့ ကားတံခါး ဖွင့်တဲ့နေရာမှာ သွေးတွေစီးကျနေတဲ့ ချိတ်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ကောင်မလေးသာ ဒီကနေသွားဖို့ ထမအော်မိခဲ့ရင် နှစ်ယောက်ကတော့ သေဆုံးနေလောက်ပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။