အားလပ်ရက်ရှည်ပြီးနောက် အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ကို ကားမောင်းပြန်လာခဲ့ပါတယ်။ ညသန်းခေါင်းလောက်ရောက်တဲ့အချိန်မှာ ကားဟာဆီကုန်ခါနီးပြီဖြစ်ပြီး မုန်တိုင်းဟာလည်း ကျရောက်လို့လာခဲ့ပါတယ်။ ကံကောင်းစွာပဲ " ရှေ့မှာ ဓါတ်ဆီဆိုင်နှင့်ကုန်စုံဆိုင် ရှိသည် " ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် သူမလည်း ပျော်ရွှင်သွားကာ ရှိတဲ့ဆီလေးနဲ့ ရအောင်မောင်းလာခဲ့ပါတယ်။ ဆိုင်ကိုရောက်သွားပေမယ့် လူသူကင်းမဲ့နေပြီး ဟောင်နွမ်းနေတဲ့ပုံစံတော့ ဖြစ်နေပါတယ်။ သူမလည်း ကားထဲမှာ ဆီမရှိတော့တာကြောင့် နောက်တစ်ဆိုင်ဆီ ဆက်မသွားတော့ပဲ ဆီဖြည့်ဖို့ လုပ်လိုက်ပါတော့တယ်။

သူမ ဆီဖြည့်ဖို့ ကားနဲ့ ၀င်လာတဲ့အခါမှာပဲ မျက်နှာအမာရွတ်နှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးဟာ မိုးရေထဲကနေ ပြေးထွက်လာခဲ့ပါတယ်။ အဲ့နောက်အမျိုးသားလည်းဆီဖြည့်ပေးခဲ့ပြီး ကောင်မလေးကလည်း အကြွေး၀ယ်ကဒ်ပေးနိုင်ဖို့လောက်ပဲ မှန်ကိုချခဲ့ပါတယ်။ အမျိုးသားဟာလည်း အဲ့ကဒ်ကိုယူပြီး ဆိုင်ထဲပြန်၀င်သွားပါတယ်။ အမာရွတ်နဲ့လူက ပြန်လာပြီးတော့ သူမကတ်ကို ငြင်းပယ်ထားတာကြောင့် အထဲကို ဝင်လာရမယ်လို့ ပြောပြီး ကောင်မလေးဘက်က ဘာမှပြန်မပြောခင် သူဟာ ဆိုင်ထဲပြန်၀င်သွားပါတယ်။ သူမလည်း အထဲကို မ၀င်ချင်ဘဲ ငွေမပေးဘဲ ကားမောင်းပြေးဖို့ စဉ်းစားနေမိတယ်။ ဒါပေမယ့်လည်း ကောင်မလေးက အမြန်၀င်ပြီး အမြန်ထွက်ဖို့ပဲ ပြုလုပ်လိုက်ပါတယ်။

သူမအထဲကိုဝင်သွားတဲ့အခါ အမျိုးသားက သူမရဲ့လက်ကိုဆွဲလိုက်ပြီး စကားပြောဖို့ကြိုးစားပါတယ်။ သူ့အသံက ကြမ်းတမ်းပြီး နားလည်ရခက်‌ေနခဲ့ပါတယ်။ သူမကလည်း ကြောက်ကြောက်နဲ့ ဆွဲထားတဲ့လက်ကိုအတင်းရုန်းပြီး ကားစီပြေးလာခဲ့ပါတယ်။ ကားထဲ၀င်လိုက်တဲ့အချိန်မှာ အမာရွတ်နဲ့လူက သူ့ကိုပြန်လာဖို့ လက်လှမ်းပြနေခဲ့ပါတယ်။ ဒါပေမယ့် သူမက ဂရုမစိုက်ပဲ ကားမောင်းပြေးခဲ့ပါတယ်။ သူမ စိတ်ညစ်စေဖို့ ရေဒီယိုကို ဖွင့်လိုက်ပြီး သူ့နောက်မှာ တစ်ခုခုရွေ့နေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့နောက်ကြည်မှန်ကို ကြည့်လိုက်တဲ့အခါမှာ ပုဆိန်နဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒါဟာ သူမ ဒီဘဝမှာ နောက်ဆုံးမြင်လိုက်ရတဲ့ အရာပါပဲ။ ဓာတ်ဆီဆိုင်က အမာရွတ်နဲ့ အမျိုးသားက တကယ်တော့ သူမကို သတိပေးဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စာအုပ်တစ်အုပ်ကို မျက်နှာဖုံးပဲကြည့်ပြီး မခွဲခြားသင့်ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။