ကျိုက်နဲရေလယ်ဘုရားကိုဖြတ်ပြီးသွားရတဲ့ ဒေသအခေါ် နတ်လမ်းမှာ လူအများရေနစ်သေဆုံးခဲ့ရတဲ့ ကိစ္စနှင့် ပတ်သတ်ပြီး အခုတလော လူပြောအရမ်းများနေခဲ့ပါတယ်။ ဘူမိဗေဒသဘောအရ သဘာဝအလျောက်ဖြစ်နေတဲ့ နတ်လမ်းကဲ့သို့ သဲခုံစွယ်များကလည်း ကမ္ဘာပေါ်မှာ အများကြီးပါပဲ ။ကျိုက်နဲဘုရားက နတ်လမ်းပုံစံမျိုး တောင်ကိုရီးယား ဂျင်ဒိုကျွန်းမှာလည်း ရှိပါတယ်။ တောင်ကိုရီးယားလူမျိုးတွေကလည်း အဲဒီနေရာကို ပင်လယ်နတ်မင်းကြီးဖောက်ပေးခဲ့တဲ့လမ်း ၊ အံ့သြဖွယ်ရာ ပင်လယ်ပေါ်ကလမ်း ဆိုပြီး ယုံကြည်ကြပါတယ်။

Google
Google
Google

ဂျင်ဒိုကျွန်းဟာတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ တတိယမြောက်အကြီးဆုံးကျွန်းတွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ခရီးသွားများဖြင့်စည်ကားနေတဲ့ နေရာလေးဖြစ်ပါတယ်။ဂျင်ဒိုကျွန်းမှာ နှစ်စဉ် နွေဦးရာသီ (သို့မဟုတ်) နွေရာသီလထဲကတစ်ရက်ရက်မှာ (တစ်နှစ်မှာနှစ်ကြိမ် အချိန်နာရီပိုင်းလောက်ခန့် )ပင်မဂျင်ဒိုကျွန်းနှင့် မိုဒိုကျွန်းငယ် အလယ်မှာ လမ်းလေးတစ်လမ်းပေါ်လာပါတယ်။အဲဒီလမ်းလေးပေါ်လာတဲ့နေ့ဆိုရင် ဒေသခံတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေအရ ပွဲတော်တစ်ခု စည်ကားသိုက်မြိုက်စွာပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

Google
Asian Gallery

မြန်မာတွေလူမျိုးတွေက နတ်လမ်းလို့ ခေါ်ဆိုကြသလို တောင်ကိုရီးယားလူမျိုးတွေကလည်း သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုတွေအရ ပင်လယ်နတ်မင်းကြီးဖောက်ပေးတဲ့လမ်းလို့ ခေါ်ဝေါ်ကြပါတယ်။ လမ်းရဲ့ အရှည်က ၁ မိုင်နှင့် ၇ ဖာလုံရှိတယ်လို့ သိရပါတယ်။

Google

နှစ်စဉ်နှစ်တိုင်း ရေကျပြီး လမ်းပေါ်လာချိန် အချိန်တစ်နာရီခန့်အတွင်းမှာ ဖြတ်သန်းသွားလာကြသူတွေ အများကြီးပါပဲ။ မြန်မာနိုင်ငံက ကျိုက်နဲဘုရားကိုသွားတဲ့ နတ်လမ်းကိုတော့ လူတွေအများကြီးမသိရှိသေးပေမယ့် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ဂျင်ဒိုကျွန်းလမ်းလေးကတော့ ကမ္ဘာလှည့်ခရီးသွားတွေအများအပြားကိုပါ ဖမ်းစားနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်လို့နေပါပြီ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။