အိန်ဂျလီနာဂျိုလီဟာဆိုရင် ဟောလိဝုဒ်မှာ အရမ်းကိုလူသိများပြီး ကောင်းသတင်းတွေနဲ့ ကျော်ဇောတဲ့သူဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းကလူတွေကသူမကို ရွှေရောင်နှလုံးသားနဲ့အမျိုးသမီးလို့လည်း ခေါ်ပါတယ်။အိန်ဂျလီနာဂျိုလီရရှိထားတဲ့အောင်မြင်မှုတွေဟာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်နှင့်ခန့်ညားလွန်းလှတဲ့ မျက်နှာအနေအထားကြောင့်ဖြစ်သလို လူအများမလုပ်နိုင်တဲ့ ကောင်းမွန်လွန်းလှတဲ့ အများအကျိုးပြုလုပ်ဆောင်ချက်တွေကြောင့်လည်းပါပါတယ်။ သူမဟာ နိုင်ငံအသီးသီးက ဒုက္ခရောက်နေတဲ့ ကလေး ၃ ယောက်ကို သားသမီးအရင်းတွေနှင့်တန်းတူ မွေးစားခဲ့ရုံမက ကမ္ဘာတစ်ဝှမ်းက အဖွဲ့အစည်း ၂၇ ခုနှင့်လည်း ပူးပေါင်းပြီး လူမှုရေးအကျိုးပြုမှုလုပ်ငန်းတွေမှာ ကူညီလုပ်ဆောင်နေတဲ့သူဖြစ်ပါတယ်။

Google

အိန်ဂျလီနာဂျိုလီတစ်ယောက် ရွှေရောင်နှလုံးသားပိုင်ရှင် အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ စတင်ခဲ့တဲ့အချိန်က ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက အိမ်ဂျလီနာဂျိုလီဟာ Lara Croft: Tomb Raider ဇာတ်လမ်းရိုက်ကူးရန်အတွက် ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ထိုအချိန်က ကမ္ဘောဒီးယားနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရတာပါ။

Google

မျက်စိထဲမှာ တွေ့မြင်နေရတဲ့အဖြစ်အပျက်တွေဟာ မင်းသမီးငယ်အတွက် ကြီးမားတဲ့ အမှတ်အသားကြီးတစ်ခု အဖြစ် ကျန်ရစ်သွားခဲ့စေပါတယ်။ အဲဒီအချိန်ကစပြီး အိန်ဂျလီနာဂျိုလီဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒုက္ခသည်တွေနှင့် ဒုက္ခသည်များအကြောင်းကို သူမကိုယ်ပိုင်သုတေသန စာတမ်းတွေ ပြုလုပ်ခဲ့ပါတယ်။

Google
Google
Google

နောက်ပိုင်းမှာတော့ အိန်ဂျလီနာဂျိုလီဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို ကိုယ်တိုင်သွားရောက်ပြီး လိုအပ်နေသူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများစွာပေးခဲ့ကာ အလှူငွေများ လှူဒါန်းခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဒုက္ခရောက်နေသူတွေကို ကူညီပေးရင်း အိန်ဂျလီနာဂျိုလီဟာ UNHCR (ကုလသမဂ္ဂမဟာမင်းကြီးရုံး) ရဲ့ ချစ်ကြည်ရေး သံတမန်တစ်ယောက်အဖြစ်တောင် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် ရွှေရောင်နှလုံးသားပိုင်ရှင် အိန်ဂျလီနာဂျိုလီ လူအများအကျိုးပြုလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့တဲ့ အချိန်ဟာ Lara Croft: Tomb Raider ဇာတ်လမ်းရိုက်ကူးရင်းနဲ့ဖြစ်တယ်လို့ လူအများက သတ်မှတ်ထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။