ဒီကြေညာချက်လေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မနက်ပိုင်းမှာ တောင်ကိုရီးယားမင်းသမီး Park Shin Hye မှ Fan Café ကနေတစ်ဆင့် သူမရဲ့ပရိသတ်တွေဆီကို အခုလို ကြေညာခဲ့တာပဲဖြစ်ပါတယ်။

Google

 “ဟယ်လို မင်္ဂလာပါ။ ကျွန်မကတော့ Park Shin Hye ဖြစ်ပါတယ်။

အခုရက်ပိုင်းရာသီဥတုတွေကပိုပိုပြီး အေးစိမ့်စိမ့်ဖြစ်လာပြီနော်။ အားလုံးပဲ ကိုယ့်ကိုယ်ကိုဂရုစိုက်ကြပါရှင်။ ခုနကလေးတင် ကျွန်မ လွန်ခဲ့တဲ့အနှစ် ၂၀ က ပထမဦးဆုံး အေဂျင်စီနဲ့စာချုပ်ချုပ်ဆိုထားတဲ့ဟာလေး ပြန်တွေ့မိခဲ့တယ်။ အဲဒီတုန်းက ကျွန်မက grade 6 ကျောင်းသူလေးပဲရှိသေးတယ်။ အလယ်တန်းလောက်ကတည်းက ကျွန်မက မင်းသမီးစလုပ်ခဲ့တာပါ။ အဲဒီတုန်းကနေစပြီး အခုထိဆို သရုပ်ဆောင်အလုပ်လုပ်ခဲ့တာတောင် ၁၈ နှစ်ရှိခဲ့ပြီ။အချိန်တွေက ကုန်တာမြန်လိုက်တာနော်။

ကျွန်မရဲ့ ငယ်ဘဝမှာ လူတွေအများကြီးနဲ့အတူတူကုန်ဆုံးခဲ့ရတယ်။ အားလုံးရဲ့ အချစ်တွေ ၊ ခွန်အားတွေကြောင့်ပဲ ကျွန်မက မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တာပါ။ကျွန်မ ကင်မရာရှေ့မှာ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေ မရေတွက်နိုင်အောင်ရှိခဲ့တယ်။ ကျွန်မ ခက်ခဲပင်ပန်းနေတဲ့အချိန်တွေမှာလည်း ပရိသတ်တွေက ခွန်အားတွေ သတ္တိတွေပေးခဲ့တာပါ။ ပရိသတ်တွေဆီက စကားလေး တစ်ခွန်းနှစ်ခွန်းနဲ့တင် ကျွန်မအတွက် ပြန်လည်ရပ်တည်ဖို့ခွန်အားတွေ အများကြီးရရှိလာစေပါတယ်။

Google

ကျွန်မအခုကြေညာပေးချင်တဲ့အကြောင်းအရာလေးက အားလုံးအတွက် အရမ်းကို အံ့သြတုန်လှုပ်သွားစေမှာအမှန်ပါပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ပရိသတ်တွေကို အရင်ဆုံးအသိပေးချင်ပါတယ်။ ကျွန်မတွဲနေတဲ့ချစ်ရသူနဲ့လက်ထပ်တော့မှာပါ။ သူကကျွန်မကို အချိန်အကြာကြီး ခွန်အားတွေပေးတယ်။ Park Shin Hye ဆိုတဲ့ကျွန်မကို သူတတ်နိုင်သ၍ သူမှာရှိသမျှအရာအားလုံးနဲ့ ကူညီထောက်ပံ့ပေးတယ်။ ဒါကြောင့် ကျွန်မ သူနဲ့လက်ထပ်ဖို့ စီစဉ်နေပါပြီ။ ဒီကိစ္စကိုဆုံးဖြတ်ဖို့ ကျွန်မအရမ်းကို တုံ့ဆိုင်းနေခဲ့ပါတယ်။ ဘာလို့ဆို အရမ်းစောနေသေးတယ်လေ။ ကျွန်မတို့ လက်ထပ်ဖို့ ပြင်ဆင်နေကြတဲ့အချိန်မှာပဲ အဖိုးတန်တဲ့ဘဝလေးတစ်ခု ကျွန်မတို့ဆီကို ရောက်ရှိလာပါတယ်။ (ကိုယ်ဝန်ရှိတာကို ပြောချင်တာပါ) ဒီကိစ္စလေးကို အားလုံးကို အရမ်းပြောချင်နေခဲ့တာ။ အားလုံးကိုကတိပေးပါတယ်။ လက်ထပ်ပြီး ကျွန်မ ကိုယ်ပိုင် မိသားစုလေး ရသွားရင်လည်း အားလုံးကို ကျွန်မပျော်ရွှင်နေတဲ့ အခြမ်းကိုပဲ ပြပေးဖို့ ကတိပေးပါတယ်ရှင်။

Google

ကျွန်မမှာလိုအပ်ချက်တွေအများကြီးရှိတာတောင်မှ ကျွန်မကို ချစ်ပေးကြတဲ့ ထောက်ပံ့ပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ အားလုံးကို အချိန်အကြာကြီးစောင့်နေရအောင်လည်း မလုပ်ပါဘူး။ မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေဆီကို ပြန်ပြီးရောက်လာနိုင်ဖို့ ကျွန်မအကောင်းဆုံး ကြိုးစားသွားမှာပါ။ အဲဒီအချိန်ထိကျန်းမာပြီး ကောင်းကောင်းရှိနေပေးပါနော်။ အခုတော့ အားလုံးကို နှုတ်ဆက်ပါရစေရှင်။"

Google

တောင်ကိုရီးယား မင်းသမီး Park Shin Hye ဟာ သူမချစ်ရသူ မင်းသား Choi Tae Joon နှင့် ၂၀၁၇ ခုနှစ်က စတင်တွဲခဲ့တာဖြစ်ကြောင်း အတည်ပြုထားတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူရည်းစားသက်တမ်းလေးကတော့ ၄ နှစ်ကြာသွားပါပြီ။  Park Shin Hye အေဂျင်စီဖြစ်တဲ့ Salt Entertainment ရဲ့ အတည်ပြုချက်အရ Park Shin Hye နှင့် Choi Tae Joon တို့ဟာ အခုလာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ သီးသန့်မင်္ဂလာလက်ထပ်ပွဲလေး ကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ချစ်ဖို့ကောင်းတဲ့ မနှင့်မောင်စုံတွဲလေးကတော့ တကယ်ကို မြန်ချက်ပဲနော်။ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်တဲ့ စုံတွဲလေး ဖြစ်ကြပါစေ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။