ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အကူအညီလိုအပ်နေတဲ့သူတွေအတွက် ပရဟိတအလုပ်တွေတတ်အားသ၍ လုပ်ဆောင်နေတဲ့သူဖြစ်ပါတယ်။ ပရဟိတအလုပ်တွေလုပ်ရင်း လူအများရဲ့ အားကျချစ်ခင်ခြင်းကို ခံလာရတဲ့ခိုင်နှင်းဝေဟာ အခုတစ်ခေါက်မှာလည်း ရည်မှန်းပြီး တောင်းဆုပြုတဲ့ အဓိဌာန်လေး အောင်မြင်သွားလို့ ဝမ်းသာပျော်ရွှင်နေပါတယ်။

သူမရဲ့ရောက်ရှိနေတဲ့နေရာကတော့ ကျိုက်မရော စံပယ်ဂူမှာပဲဖြစ်ပါတယ်။ စံပယ်ဂူဟာ ကျိုက်မရောမြို့မှ အရှေ့ဘက်သုံးမိုင်ခန့်အကွာတွင် တည်ရှိကာ အတ္တရံမြစ်ကမ်းနံဘေး ကျိုက်မရောမြို့နှင့် အတ္တရံမြစ်ကမ်းကြား တည်ရှိသည့် သဘာဝထုံးကျောက်လှိုဏ်ဂူ ဖြစ်ပါတယ်။စံပယ်ဂူဘုရားမှာရှိတဲ့ မောင်းကြီးဟာဆိုရင် မောင်းတံနဲ့တီးရတာမျိုးမဟုတ်ပါဘူး။ ဆုတောင်းတစ်ခုပြုပြီး အဓိဌာန်နှင့်လက်ဖြင့်သာ ပွတ်ပေးရင်း အသံမြည်အောင်လုပ်ရတဲ့အောင်စည်အောင်မောင်းကြီးလို့ သိရပါတယ်။

Khine Hnin Wai

ဆုတောင်းတစ်ခုပြုကာ အောင်စည်အောင်မောင်းကြီးကို လက်ဖြင့်ပွတ်ပေးရင်း မြည်ဟိန်းသံထွက်လာပါက အဓိဌာန်အောင်မြင်ပြီး ဆုတောင်းပြည့်မည်ဆိုသည့် အယူလည်းရှိပါတယ်။ ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ အဲဒီအယူရှိတဲ့ အောင်စည်အောင်မောင်းကြီးကို မောင်းတံမပါပဲတီးခက်နိုင်ခဲ့တာကြောင့် ဝမ်းသာပျော်ရွှင်စွာဖြင့် သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုပြောရင်း ဗီဒီယိုလေး တင်ပေးထားပါတယ်။

Khine Hnin Wai

“ကျိုက်မရော စံပယ်ဂူမှာ မောင်းတံမပါပဲ အောင်စည် အောင်မောင်းကို အသံထွက်အောင်တီး ကြရပါတယ်..အဓိဌာန်နဲ့ ဆုတောင်းပြီး ကိုယ့် အလှည့်မှာ အသံမြည်လာတဲ့ အတွက် ပျော်ရပါတယ်....အားလုံးပဲ ရောက်ဖြစ်ခဲ့ရင် အဓိဌာန်ပြု ဆုတောင်းခဲ့ကြပါရှင်...”

Khine Hnin Wai

မောင်းတံမပါပဲ လက်ဖြင့်သာတီးလို့ရတဲ့ အောင်စည်အောင်မောင်းကြီးရဲ့ အဓိဌာန်က တကယ်လား တကယ်မဟုတ်ဘူးလာဆိုတာတော့ သေသေချာချာမသိပေမယ့် ဗီဒီယိုလေးကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ လမ်းကြုံလို့ ကျိုက်မရော စံပယ်ဂူကိုရောက်ခဲ့ရင် အောင်စည်အောင်မောင်း အဓိဌာန်ကို ဝင်ရောက်ဆုတောင်း စမ်းသပ်ခဲ့ကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။