Animation ကာတွန်းဇာတ်လမ်းတွဲလေးတွေဟာလည်း ရုပ်ရှင်ကားကြီးများနည်းတူ အရမ်းကိုနာမည်ကြီးပြီး အောင်မြင်ပါတယ်။ အောင်မြင်မှုတွေရရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းကတော့ ဘာမှကို ပေါ့သေးသေး မလုပ်လို့ပါ။ ကာတွန်းဇာတ်ကောင်လေးတွေမှာ အသံသရုပ်ဆောင်ထည့်တဲ့နေရာကအစ တော်တော်လေး နာမည်ကြီးပြီး ဈေးကြီးတဲ့ မင်းသားမင်းသမီးတွေကိုပဲ ထည့်သုံးထားတာပါ။

ဒါကြောင့် အရမ်းကိုကြည့်လို့ကောင်းနေတာပါ။ ဒီတစ်ခေါက်မှာလည်း အရမ်းကိုကြည့်လို့ကောင်းပြီး ဘယ်အချိန်ပြန်ကြည့်ကြည့်ရိုးမသွားတဲ့ animation ဇာတ်ကောင်လေးတွေရဲ့ အသံသရုပ်ဆောင်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Animation ဇာတ်ကောင်လေးတွေက လူကြိုက်များသလောက် အနောက်မှာ ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကလည်း တကယ့်ကို နာမည်ကြီးတွေပဲနော် ။ ဘယ်သူတွေလဲသိရအောင် ..တစ်ပုံချင်း ဝင်ကြည့်သွားလိုက်ကြပါဦး။

The corpse bride - Victor Van Dort အဖြစ် Johnny Depp

Credit to Original Uploader

Hotel transylvania – Mavis အဖြစ် Selena Gomez

Credit to Original Uploader

The Lion King - Parrot Zazu အဖြစ် Mr - Bean

Credit to Original Uploader

Moana – Maui အဖြစ် Dwayne Johnson

Credit to Original Uploader

Spies in Disguise - Lance Sterling အဖြစ် Will Smith

Credit to Original Uploader

နောက်ကွယ်က အသံသရုပ်ဆောင်တဲ့သူတွေကိုတောင် တကယ့်နာမည်ကြီးတွေကို ထည့်သုံးထားတာပဲနော်။ ဒါကြောင့် animation တွေကအရမ်းကိုကြည့်လို့ကောင်းပြီး အသံလေးတွေကအစအရမ်းကို ဆွဲဆောင်မှုရှိနေတာ။ အခြားနာမည်ကြီးတွေအသံသရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ animation ဇာတ်ကောင်တွေလည်း အများကြီးရှိပါသေးတယ်။ အလျင်းသင့်ရင့်သင့်သလိုလေး ထပ်မံဖော်ပြပေးသွားပါဦးမယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။