လက်ရှိပြသနေဆဲဖြစ်တဲ့ တောင်ကိုရီယားရုပ်ရှင်ဇာတ်လမ်းတွဲ “Now We Are Breaking Up” ဇာတ်လမ်းတွဲဟာ စတင်မထုတ်လွှင့်ခင်အချိန်ကတည်းက ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ “Now We Are Breaking Up” ဇာတ်လမ်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဂျန်ကီယောင်နှင့် အွန်စောလို့လူသိများတဲ့ နာမည်ကြီးမင်းသမီး ဆောင်းဟေကိုတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Now We Are Breaking Up

စတင်ထွက်ရှိလာစဉ်မှာပဲ လူကြည့်များပြီး rating တွေအရမ်းကောင်းခဲ့တဲ့ “Now We Are Breaking Up” ရဲ့ မနေ့ကထွက်ရှိခဲ့တဲ့ အပိုင်း ၃ မှာတော့ မြန်မာပြည်ရဲ့အငွေ့အသက်လေးတွေပါ ပါလာတာကိုတွေ့ရပါတယ်။ အဲဒါကတော့ မင်းသမီးက သူ့အရင်ရည်းစားကောင်လေးနဲ့လျှောက်လည်ခဲ့တဲ့အကြောင်း ပြန်လည်စဉ်းစားတဲ့အချိန်မှာ အနောက်ကနံရံမှာ ရေးထားကြတဲ့ စာတန်းလေးတွေထဲ မြန်မာစာလေးပါလာတာဖြစ်ပါတယ်။ 

Now We Are Breaking Up
Now We Are Breaking Up

နံရံပေါ်မှာ ဘာသာစကားတွေအများကြီးနဲ့ရေးထားတဲ့စာလေးတွေထဲမှာ မြန်မာလိုလေးရေးထားတဲ့ “နင့်ကိုငါချစ်တယ်” စာတန်းလေးက လုံးဝကို ထင်းရှားလျက်ရှိနေပါတယ်။ ဒါကြောင့် မြန်မာလူမျိုးပရိသတ်တွေကြားထဲမှာ ဒီအကြောင်းအရာလေးက အရမ်းကို ရေပန်းစားလျက်ရှိပါတယ်။

Now We Are Breaking Up
Now We Are Breaking Up

ရုပ်ရှင်ချစ်သူအများစုကတော့ တောင်ကိုရီးယားရောက် ရွှေမြန်မာတွေ အဲဒီနေရာလေးကိုရောက်ရှိပြီး အမှတ်တရအနေနဲ့ရေးထားကြတာဖြစ်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကတော့ တောင်ကိုရီးယားနိုင်ငံအထိကို ရောက်ရှိသွားပါပြီနော်။

Now We Are Breaking Up

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။