ဟန်နရီကိုလို့ အမည်ရှိတဲ့ကလေးမလေးဟာ အသက် ၁၁ နှစ်ရွယ်သာရှိသေးပေမယ့် ပေါင်မုန့်ဆိုင်ပိုင်ရှင် ကလေးတစ်ယောက်ဖြစ်ပါတယ်။ ဟန်နရီကိုဟာ မုန့်တွေကို မိသားစုဝင်တွေစားဖို့ရည်ရွယ်ရင်း လုပ်ရင်းကနေ အခုလို ဆိုင်လေး ဖွင့်ဖြစ်သွားတာလို့ သိရပါတယ်။ ဟန်နရီကိုရဲ့ပေါင်မုန့်ဆိုင်လေးမှာ ပေါင်မုန့်အပြင် ကိတ်မုန့် ၊ ကွတ်ကီး ၊ ပူတင်း နှင့် အခြား စားလို့ကောင်းတဲ့ မုန့်လေးတွေ အများကြီးရှိပါတယ်။

မုန့်လေးတွေအားလုံးကိုလည်း အသက် ၁၁ နှစ်အရွယ်သာရှိသေးတဲ့ ဟန်နရီကိုကပဲ ကိုယ်တိုင် ဖန်တီးထားတာဖြစ်ပါတယ်။ ဟန်နရီကိုဟာ မုန့်လုပ်နည်းပညာကို ဆရာနဲ့ တစ်ရက်တည်းသာသင်ထားခဲ့ဖူးသူဖြစ်ပြီး မုန့်လုပ်နည်းပညာအများစုကို Youtube ကနေသင်ယူလေ့လာခဲ့တဲ့သူဖြစ်ပါတယ်။

Han Nayi Ko

ဟန်နရီကိုဟာ Bakery supply shop ကို ကိုယ်တိုင်လည်းသုံး အများသူတွေလည်းသုံးတဲ့သူအနေနဲ့ ဖွင့်ချင်တယ်လို့ သိရပါတယ်။ မုန့်လုပ်ရာမှာထည့်သုံးရတဲ့ ပါဝင် စ္စည်းတွေကိုလည်း သူမကိုယ်ပိုင် brand အနေနဲ့ထုတ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုထားပါတယ်။ ဟန်နရီကိုရဲ့ bakery shop ဆိုင်လေးကို  “YIKO Bakery” လို့အမည်ပေးထားပြီး ဆိုင်လေးရဲ့တည်နေရာက အမှတ် ၁၃၅ ၊ လုံးသွယ် ၁ လမ်း ၊ ၂၉ ရပ်ကွက် ၊ သုဝဏ္ဏမြို့နယ် ၊ ရန်ကုန် လို့သိရပါတယ်။

Han Nayi Ko

ဟန်နရီကိုလေးရဲ့ မုန့်လေးတွေကို မြည်းစမ်းအားပေးချင်တယ်ဆိုရင် သူမရဲ့ YIKO Bakery ဆိုင်လေးရဲ့ Facebook Page လေးကနေသွားရောက်မှာယူနိုင်ပါတယ်နော်။ အသက် ၁၁ နှစ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်က အခုလို Bakery ဆိုင်ကြီးတစ်ဆိုင်ဖွင့်ပြီး မုန့်တွေကိုယ်တိုင်ဖန်တီးနိုင်နေတာဟာ တော်တော်လေးကို ချီးကျူးဖို့ကောင်းလှပါတယ်။

Han Nayi Ko

ဟန်နရီကိုလေးက  "အသက်အရွယ်ကအရေးမကြီးပါဘူး။အလုပ်လုပ်ချင်စိတ်ရှိဖို့သာ အဓိကပါဆိုတဲ့" စကားလေးကို လက်တွေ့သက်သေပြလိုက်တဲ့သူပဲဖြစ်ပါတယ်။ နောက်ထပ် ဟန်နရီကိုလို အရည်အချင်းရှိတဲ့ ကလေးလေးတွေ အများကြီးပေါ်ပေါက်လာစေဖို့အတွက်လည်း များများ အားပေးချီးမြှောက်သင့်ပါတယ်။

Han Nayi Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။