ရန်ကုန်တိုင်းဒေသကြီး ၊ အနောက်ပိုင်းခရိုင် ၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် (၄) ရက်ကွက် ၊ မင်းဓမ္မအိမ်ရာဝင်းထဲက နေအိမ်တစ်အိမ်မှာဆိုရင် ရှားရှားပါးပါး လူတစ်ရပ်ကျော် လောက်ရှိတဲ့ စပါးအုံး မြွေကြီးတွေ ရောက်ရှိနေတယ်လို့ သိရပါတယ်။ မြွေကြီးတွေဝင်ရောက်နေသောကြောင့် အိမ်မှာနေထိုင်သူများအနေနဲ့ မီးသတ်အဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့ရာမှ အခုလို မြွေတွေအများကြီး ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - MFSD
Photo - MFSD

ယမန့်နေ့နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အရှည် ၁၃ ပေ ၊ လုံးပတ် ၁ ပေခန့်ရှိတဲ့ စပါးအုံးမြွေကြီးတစ်ကောင် ၊ အရှည် (၉) ပေ ၊ လုံးပတ် (၇) လက်မခန့် စပါးအုံးမြွေ (၁)ကောင် စုစုပေါင်း ၂ ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခတပ်ဦးကျောင်းတိုက်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo - MFSD

ဒီကနေ့နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လည်း နောက်ထပ်မြွေကြီးတွေ့သဖြင့် အိမ်တွင်းနေထိုင်သူများက မီးတပ်အဖွဲ့ကို ထပ်မံဖုန်းဆက်အကူအညီတောင်းခဲ့ရာ အရှည်(၁၀)ပေ၊ လုံးပတ်(၁) ပေခန့်ရှိ စပါးအုံးမြွေ(၁)ကောင်အားထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သုံးကောင်မြောက်တွေ့ရှိခဲ့တဲ့ စပါးအုံးမြွေကြီးကိုလည်း မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခတပ်ဦးကျောင်းတိုက်သို့ ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

Photo - MFSD
Photo - MFSD

အိမ်တစ်အိမ်တည်းက အခုလို လူ့တစ်ရပ်ကျော်လောက်ရှိတဲ့ မြွေကြီး ၃ ကောင်တိတိ ဖမ်းဆီးရမိခဲ့တာဟာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ လူအများကတော့ အိမ်ကြီးရဲ့ ပတ်ဝန်းကျင်မှာ စပါးအုံး မြွေအသိုက် ရှိနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။စပါးအုံးမြွေအသိုက်ရှိတယ်ဆိုရင်တော့ နောက်ထပ် စပါးအုံးမြွေကြီးတွေလည်း ထပ်မံရှာတွေလာနိုင်ပါတယ်။

Photo - MFSD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။