ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ဟာဟာ အလွန်ချမ်းသာတဲ့ မိသားစုတစ်စုအတွက် ကလေးထိန်းလုပ်ေပးေနရပါတယ်။ အဲ့အိမ်ကြီးကတော့ အခန်းေပါင်းများစွာနှင့် စိတ်ဝင်စားစရာကောင်းတဲ့ ရှေးဟောင်းပစ္စည်းများနဲ့ ပြည့်နှက်နေတဲ့ အိမ်ကြီးဖြစ်ပါတယ်။ ထူးဆန်းသည်မှာ ဖခင်ဟာ ကလေးများအား ညဘက်အိပ်ပြီးဆိုတာနဲ့ ကလေးထိန်းကောင်မလေးကို မြေအောက်ခန်းထဲသာသွားနေထိုင်ခိုင်းပြီး တခြားအခန်းများကို ပေး၀င်တာမျိုးမရှိတာပါပဲ။ သူမဟာ အဲ့နေရာမှာ ရုပ်မြင်သံကြားကြည့်နိုင်ပြီး မြေအောက်ခန်းတွင် အခြားမည်သည့်အရာမဆို လွတ်လွတ်လပ်လပ် လုပ်နိုင်ေပမယ့်လည်း ကျန်တဲ့အခန်းတွေကိုတော့ ပိတ်ထားပါတယ်။
တစ်ရက်မှာ ကလေးများ အိပ်ရာပေါ် ရောက်တာနှင့် သူမဟာ မြေအောက်ခန်းသို့ တန်းသွားပါတော့တယ်။ အဲ့အခါမှာတော့ အခန်းထောင့်ရှိ လူရွှင်တော်ရုပ်ထုကြီးကို လျင်မြန်စွာ သတိထားမိပါတယ်။ ရုပ်ထုကြီးကလသူမကို စိုက်ကြည့်နေပုံပါပဲ။ အဲ့နောက် သူမ TV ကို ဆက်လက်ကြည့်ရှုနေေပမယ့်လည်း ရုပ်တုရဲ့ မျက်လုံးများဟာ သူမနောက်လိုက်နေတဲ့ ခံစားချက်ကို ရရှိနေခဲ့ပါတယ်။ သူမလည်း ရုပ်ထုအပေါ်မှာ စောင်တစ်ထည်ကို နောက်ဆုံးတွင်တင်ကာ သူ့ကိုယ်သူ သက်တောင့်သက်သာရှိစေရန် လုပ်လိုက်ပါတယ်။ အဲ့နောက် ကလေးေတွရဲ့ အဖေဆိ ဖုန်းဆက်ကာ လူပြက်ရုပ်ထုကို အလွန်ကြောက်တာကြောင့် အိမ်ရဲ့အခြားအခန်းကို ပြောင်းရွှေ့နိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။
"မင်း အခုထွက်သွားရမယ်။ လူရွှင်တော်ရုပ်တုက ငါတို့မပိုင်ဆိုင်ဘူး။ ကလေးတွေက သူတို့အခန်းထဲမှာ လူရွှင်တော်တစ်ယောက်ကို ညကတွေ့ဖူးပြီး အိပ်မက်ဆိုးတွေ မက်နေတယ်လို့ ပြောဖူးတယ်။ ကလေးတွေကိုခေါ်ပြီးထွက်သွား!” ဆိုပြီး စိုးရိမ်တကြီးနဲ့ ထိတ်လန့်စွာ ပြောလိုက်ပါတယ်။ ကောင်မလေးလည်း ကြောက်လန့်တကြားနဲ့ ဖုန်းချလိုက်ပါတယ်။ သူမ လှည့်ကြည့်လိုက်ချိန်မှာ ရုပ်တုကြီး မရှိတော့ဘဲ ကြမ်းပြင်ပေါ်မှာ စောင်တစ်ထည်သာ ရှိနေပါတယ်။ သူလည်းအလန့်တကြားနဲ့ အပေါ်ထပ်ကိုပြေးကာ ကလေးတွေအခန်းဆီ ဦးတည်ပြေးသွားပါတယ်။ လမ်းမှာ ကလေးအဖေနဲ့တိုက်မိပြီး ချော်လဲသွားပါသေးတယ်။
အဲ့နောက် နှစ်ယောက်လုံး ကလေးတွေ အခန်းထဲ ရောက်ချိန်မှာ ကလေးတွေကို လူပြက်ကောင်ကြီး ခေါ်ဆောင်သွားတာ တွေ့ရှိလိုက်ရပါတယ်။ သူတို့လည်း အမှီလိုက်ခဲ့ပေမယ့် လူပြက်ကောင်ကြီးဟာ ရုတ်တရက်ဆိုသလို ကလေးတွေနဲ့ပျောက်ကွယ်သွားပါတော့တယ်။ အဖေဖြစ်သူဟာ တကယ်တော့ လူပြက်ကောင်ကြီး သူ့ကလေးတွေကို မတွေ့မိစေဖို့ အခန်းတွေများစွာပါတဲ့အိမ်ကို ဆောက်ထားတာဖြစ်ပါတယ်။ အကြောင်းကတော့ မြို့ထဲမှာ ကလေးတွေဟာ လူပြက်ကောင်ကြီးခေါ်ဆောင်သွားတာရှိတယ်ဆိုတဲ့သတင်းတွေကြောင့် သူ့ကလေးတွေကိုလာခေါ်ရင် မမီအောင်ဆိုပြီး အခန်းေတွများစွားထားတာပါ။ ဒါပေမယ့်လည်း အလှည့်ကျဆိုသလိုပဲ သူရဲ့ကလေးတွေကတော့ စိတ်မကောင်းစွာပဲ ပါသွားပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။