လူငယ်အဆိုတော် မူးလာဟာ Myanmar Idol Season 4 ပြိုင်ပွဲ မှာ top 4 အထိယှဉ်ပြိုင်တက်လှမ်းနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိလှတဲ့အသံနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ အများကြီး ရရှိခဲ့တဲ့ အဆိုတော်မူးလာဟာ တော်လှန်ရေးနယ်မြေတစ်ခုမှာ ရောက်ရှိနေတဲ့သူဖြစ်ပါတယ်။ မူးလာဟာ အခုအချိန်အထိလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တထောင့်တနေရာကနေ ပါဝင်နေတဲ့သူဖြစ်ပါတယ်။

Mooler's Facebook

ဒီနှစ်ရဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မူးလာဟာ သူရောက်ရှိနေတဲ့လွတ်မြောက်နယ်မြေမှာ သူဝါသနာပါတဲ့သီချင်းတွေကို သီဆိုရင်း ဖျော်ဖြေပွဲလေးတစ်ခု လုပ်ပေးခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေးရေးထားပါတယ်။

Mooler's Facebook

"တန်ဆောင်တိုင်ထဲက မည်သည့်နှစ်မှမတူခဲ့တဲ့ တန်ဆောင်တိုင်ခွေးကိုမောင်းထုတ်ဖို့ အရာအားလုံးကိုစွန့်ပြီး ဆုံတွေ့ရတဲ့ ရဲဘော်တွေနဲ့ ပေးဆပ်ခဲ့တဲ့ လူကြီးသူမများအတွက် တစွန်းတစ စိတ်ဖြေဖျောက်ခွင့်ရလို့ အရမ်းကျေးဇူးတင်မိတယ်တော်လှန် တန်ဆောင်တိုင် တဲ့ သေချာပါတယ် အဆိုတော်ဖြစ်ရတာ ဒီတခါ ဂုဏ်အယူရဆုံးပဲ အရေးတော်ပုံ အောင်ကို အောင်ရမည်"

Mooler's Facebook
Mooler's Facebook

မူးလာရဲ့ဖျော်ဖြေမှုလေးကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ပြည်သူတွေရဲ့ မွန်းကြပ်မှုတွေလည်း အနည်းနှင့်အများ ပြေလျော့စေနိုင်မယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။