အော်ရီဂျင်နယ်ဂန်းစတား(၃)မှာ အဆိုတော်ဇာတ်ရုပ်ကနေပါဝင်သရုပ်ဆောင်ထားတဲ့ သက်ဆုနဒီက ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူ့ရဲ့အမှတ်တရ ရင်ခုန်သံတွေကို အခုလိုပြောပါတယ်။ဒီကားမှာသက်ဆုကအဆိုတော်ပါပဲ။ဒီဇာတ်ကားမှာ သက်ဆုတို့ အနုပညာမောင်နှမတွေ အများကြီးပါပါတယ်။တော်တော်လည်းပျော်ဖို့ကောင်းပါတယ်။ဒီဇာတ်ကားမှာအနုပညာရှင်တွေအလွန်များပြီး ဇာတ်အိမ်လည်းကြီးတယ်။ရိုက်တာကလည်း အချိန်ကပိုပြီးတော့ ယူရတယ်။အကုန်လုံးဆုံတဲ့အချိန်ကိုစောင့်ရတယ်။အဓိက သက်ဆုတို့ဆင်းန်တွေက တစ်ရက်ချင်းရိုက်ရတာဆိုတော့ ပိုပြီးပင်ပန်းတယ်။

မနက်ဆိုရင် ရှူတင်ကို ကိုးနာရီအရောက်သွားရတယ်။ပြီးတော့ ညဉ့်နက်တဲ့အထိရိုက်ရတယ်။ကိုယ့်အလှည့်မပါသေးလဲ အားလုံးက ရှူတင်မှာထိုင်စောင့်နေကြတာ။ဇာတ်ကားတစ်ကားလုံးက ပြေးရ၊လွှားရတာတွေလည်းများတယ်။ငြိမ်နေရတာတော်တော်ရှားတယ်။ဒိုင်ယာလော့ကလည်းသိပ်မပါတော့ ပိုပြီးတော့ခက်တယ်။ပြီးတော့ တစ်ချိန်လုံးငိုနေရတာ။ငိုရတာအခက်ဆုံးပဲ။

သက်ဆုက မျက်ကပ်မှန်တပ်ထားတော့ ငိုရတာနည်းနည်းအဆင်မပြေဘူး။စိတ်လည်းအလွန်ပင်ပန်းခဲ့ရတယ်။အတော်လည်းအော်ရတယ်။ပြေးရင်းလွှားရင်းအကုန်းလုံး ဒဏ်ရာ ဒဏ်ချက်တွေလည်းရကြတယ်။သက်ဆုဆိုလည်း ဒူးတွေပေါက်ပြဲကုန်တယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သက်ဆုအရမ်းရင်ခုန်ပါတယ်။ပြီးတော့အရှေ့မှာ ရုံတင်ခဲ့တဲ့ ဂန်းစတား (၂)ကလည်း အလွန်ဟော့သွားတယ်။အဲ့ဒီကားမှာသက်ဆုတို့ရဲ့ ဂန်းစတား (၃)ထွေလာလေးလဲထည့်ထားတော့ အဲ့ဒါကြည့်တာနဲ့တင်သက်ဆုရင်တွေအလွန်ခုန်နေတယ်။ဒီကားကဘဝမှာ အမှတ်တရအဖြစ်ဆုံးပါပဲ။ပရိသတ်ကဒီဇာတ်ကားကိုကြည့်ပြီးသက်ဆုအရမ်းအလွန်ငိုတယ်လို့မပြောရင်ကျေနပ်ပါပြီလို့ သက်ဆုကပြောခဲ့ပါတယ်။

သတင်းအရင်းမြစ် ေျကးမွဳံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။