တောင်ကိုရီးယားသရုပ်ဆောင်မင်းသားကြီး So Ji Sub ဟာ တောင်ကိုရီးယာရုပ်ရှင်လောကမှာသာမက အာရှရဲ့ရုပ်ရှင်လောကမှာပါ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားသရုပ်ဆောင်မင်းသားကြီး So Ji Sub ဟာ လက်ထပ်ပြီးသားဖြစ်ပါတယ်။ သူလက်ထပ်ပြီးတဲ့အကြောင်းကို ကိုရီးယားအနုပညာသတင်းတွေ ဖတ်လေ့ရှိတဲ့သူဆိုရင် ကောင်းကောင်းကြီးသိနေမှာပါ။

ပရိသတ်တွေက So Ji Sub လက်ထပ်ထားတယ်ဆိုတာကလွဲရင် သူ့မိန်းမဖြစ်သူနဲ့ပတ်သတ်ပြီး အများကြီး မသိကြပါဘူး။ အထူးသဖြင့် အမျိုးသမီးဖြစ်သူက ဘယ်သူလဲ .. ဘယ်ဝါလဲဆိုတာကိုပေါ့ .. ဒါကြောင့် So Ji Sub ရဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတဲ့အကြောင်းက Google မှာ ရှာဖွေမှုအများဆုံးအကြောင်းအရာတွေထဲက တစ်ခုဖြစ်လို့နေတာပါ။

Google

So Ji Sub နှင့် သူ့ရဲ့ဇနီးဖြစ်သူတို့ဟာ မတ်လ ၂၀၁၈ ခုနှစ်မှာ ပထမဦးဆုံး တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေဆုံပွဲမှာလည်း ထပ်မံတွေ့ဆုံခဲ့ကြပါသေးတယ်။ ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ မင်းသားကြီး So Ji Sub (၄၃) နှစ်နဲ့ သူ့အမျိုးသမီး Jo Eun Jung (၂၆) နှစ်တို့ လက်ထပ်ခဲ့ကြပါတယ်။ So Ji Sub နှင့် သူ့ရဲ့အမျိုးသမီးဖြစ်သူတို့ဟာ အသက် ၁၇ နှစ်ကွာပါတယ်။

Google

အခု So Ji Sub ရဲ့ အမျိုးသမီးဖြစ်သူ Jo Eun Jung အကြောင်းကို ပြောပြပါတော့မယ်။ Jo Eun Jung က ၂၀၁၄ ခုနှစ်မှာ OGN channel ရဲ့ နာမည်ကြီး အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်မှာတော့ SBS ရဲ့ One Night of Entertainment မှာ reporter အဖြစ်ရာထူးတတ်သွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အစောပိုင်းမှာတော့ Jo Eun Jung တစ်ယောက် အေဂျင်စီတွေနဲ့စာချုပ်ချုပ်ဆိုမှုရပ်နားခဲ့ပါတယ်။ သူမ သုံးနေတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေဖြစ်တဲ့ Facebook ၊ Instagram အကောင့်တွေအားလုံးကို ဖျက်ခဲ့ပြီး ဘွဲ့ယူဖို့အတွက် ဖျော်ဖြေရေးလောကကနေ ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

Jo Eun Jung ဟာ လုပ်ဖော်ကိုင်ဖက်တွေ ၊ သူငယ်ချင်း အပေါင်းအသင်းတွေကြားမှာ စိတ်ဓာတ်ပြတ်သားပြီး သူမယုံကြည်ရာအတွက်ဆိုရင် ဘာကိုမှလုပ်ဖို့ဝန်မလေးတဲ့သူအဖြစ် နာမည်ကြီးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ 

Google

မင်းသား So Ji Sub နဲ့လက်ထပ်ပြီးတဲ့နောက်မှာလည်း လူသိရှင်ကြားထုတ်ဖော်ပြောကြားလေ့မရှိဘဲ ကင်မရာတွေရဲ့ နောက်ကွယ်မှာသာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် မင်းသား So Ji Sub ရဲ့ မိန်းမက ဘယ်သူလဲဆိုရင် လူတော်တော်များများက မသိကြပါဘူး။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။