SM Entertainment ဟာဆိုရင် Exo အဖွဲ့ဝင် Baekhyun ရဲ့ YouTube channel ဖြစ်တဲ့ “KyoongTube”  မှာ Baekhyun တစ်ယောက်စစ်မှုထမ်းဆောင်စဉ်ကာလတွေမှာ တင်ထားတဲ့ ဗီဒီယိုတွေကို ဖယ်ရှားခဲ့ပါတယ်။ Exo အဖွဲ့ဝင် Baekhyun ဟာဆိုရင် မေလ ၆ ရက်နေ့မှာ စစ်မှုထမ်းဆောင်ဖို့စာရင်းပါရှိခဲ့တာပဲဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့စာရင်းပါရှိခဲ့ပေမယ့် SM Entertainment ဘက်က YouTube Channel မှာ အရင်ကရိုက်ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို တင်ခဲ့ပါတယ်။

Google

နိုဝင်ဘာလ ၁၈ ရက်နေ့မှာ SM Entertainment ဘက်ကနေ Exo အဖွဲ့ဝင် Baekhyun ရဲ့ ဗီဒီယိုတွေကို ဖယ်ရှားလိုက်တာနှင့်ပတ်သတ်ပြီး အခုလို ဖြေရှင်းချက်ပေးလာခဲ့ပါတယ်။

“Baekhyun စစ်မှုထမ်းကာလ ပြီးဆုံးတဲ့နေ့အထိ “KyoongTube” မှာ ဗီဒီယိုတွေတင်တာ ရပ်နားထားပါမယ်လို့ကြေညာပါတယ်ခင်ဗျာ .. “KyoongTube” channel မှာဆိုရင် ပရိသတ်တွေ Baekhyun ကို ချစ်တဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့  Baekhyun စစ်မှုထမ်းစဉ်ကာလမရောက်ခင် တစ်လကြိုတင်ရိုက်ကူးထားတဲ့ အကြောင်းအရာ ဗီဒီယိုကို လွှင့်တင်နေခဲ့ပါတယ်။စစ်မှုမထမ်းခင်က မှတ်တမ်းတင်ပြီး ထုတ်လုပ်ထားသည့် အကြောင်းအရာများကို လွှင့်တင်ခြင်းက ဥပဒေနှင့် ဆန့်ကျင်မှုမရှိပေမယ့်  ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတိုင်းမဟုတ်သော မမျှော်လင့်ထားတဲ့ နားလည်မှုလွဲမှားမှုများကို တားဆီးရန်အတွက် Baekhyun စစ်မှုထမ်းနေသည့်နောက်ပိုင်း တင်ထားသည့် အကြောင်းအရာအားလုံးကို ဖျက်ပစ်ရန် ဆုံးဖြတ်လိုက်ပါသည်။ပရိသတ်တွေကို နားလည်ပေးဖို့ တောင်းဆိုပါတယ်။”

Google

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်ဥပဒေအရ စစ်မှုထမ်းဆောင်နေတဲ့စစ်သားတွေကို ကိုယ်ကျိုးအမြတ်ရှာနေတဲ့လုပ်ငန်းတွေမှာ ပါဝင်ခွင့် အပိုအလုပ်လုပ်ဆောင်ခွင့်များကို ခွင့်မပြုထားဘူးလို့ သိရပါတယ်။ SM Entertainment ဟာ Baekhyun စစ်မှုမထမ်းခင်ကာလက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို Baekhyun စစ်မှုထမ်းဆောင်နေတဲ့ကာလမှာ တင်တဲ့အတွက်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာ ခံနေရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။