လူရွှင်တော်ကြီး ဦးမေတ္တာဟာ သြဂုတ်လ ၂ ရက်နေ့ နေ့လည် ၂ နာရီမှာ ကြွေလွင့်သွားခဲ့ရတဲ့ ပြည်သူ့အချစ်တော် အနုပညာရှိကြီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် လူရွှင်တော်ကြီးဦးမေတ္တာကွယ်လွန်သွားခဲ့တာ အခုဆိုရင် ၃ လတောင်ကျော်သွားခဲ့ပါပြီ။

Google

ဦးမေတ္တာကြီးကွယ်လွန်သွားချိန်မှ စပြီး သားဖြစ်သူ လူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်းအနေနဲ့လည်း အဆင်မပြေမှုတွေ ဖခင်ကိုလွမ်းဆွတ်တမ်းတမှုတွေနေ့တိုင်းလိုလို ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်လည်း မေတ္တာမြင့်မြတ်ဟိန်းဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်ပိုင်း အဆင်မပြေမှုတွေကို အခုလိုမျိုးပြောလာခဲ့တာပဲဖြစ်ပါတယ်။

Google

“အဖေမရှိတဲ့ချိန်ကစပီး ကားလဲမရှိတော့ဘူး.....

အလုပ်လေးရရင် အမေ့ကန်တော့လိုက်

ကျန်တဲ့မုန့်ဖိုးလေးနဲ့ ကားငှားပီးအလုပ်သွားလိုက်နဲ့

ဝေးတဲ့နေရာမျိုးကပြန်လို့ ကားခ မလောက်ရင်

အမေ့ကိုဖုန်းဆက်ပီးပြန်တောင်းဖို့လဲ မတောင်းရက်

အိမ်မှာဘဲနေပြန်ရင်လဲ အလုပ်တွေငြင်းမိ

ကားလေးပြန်လိုချင်လိုက်တာ

ငါရအောင်ကျော်ဖြတ်မယ်”

Google

မေတ္တာမြင့်မြတ်ဟိန်းဟာ ဖခင်ကြီး ဦးမေတ္တာ ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်း မိခင်ကြီးနှင့် ညီမဖြစ်သူတို့ကို စောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ဖခင်ဖြစ်သူ နေမကောင်းခဲ့စဉ်က ရောင်းချခဲ့ရတဲ့ ကားလေးကို ပြန်လိုချင်တဲ့အကြောင်း ပရိသတ်တွေဆီကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ ကံကြမ္မာရဲ့အလှည့်အပြောင်းဒဏ်ကြောင့် အခြေအနေတွေပြောင်းလဲခဲ့ရတဲ့ မေတ္တာမြင့်မြတ်ဟိန်းတစ်ယောက် အခက်ခဲတွေကိုကျော်ဖြတ်နိုင်ပြီး ပြန်လည် အဆင်ပြေလာဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။