ခို ၁၅ ကောင်ရဲ့ 'မငြိမ်မသက် ဆူညံသံ' ကြောင့် အသက် 70 နှစ်အရွယ် အမျိုးသားတစ်ဦးအား သူရဲ့အိမ်နီးနားချင်းမှ တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ 'Mr Pidgley's Pigeon Loft' ဆိုပြီး မှတ်ပုံတင်ထားတဲ့ Alan Pidgley ဟာ ယခုအခါ ကောင်စီကချမှတ်ထားတာကို လိုက်နာရန် ငှက်များရဲ့ ‌ဆူညံသံကို ဖယ်ရှာဖို့ ရင်ဆိုင်နေရပါတယ်။ ခိုပြဿနာဟာ သူ့ကျေးလက်နေရာမှာ သဘောထားကွဲလွဲနေပြီး အခြားအိမ်နီးနားချင်းများက သူ့ကို ဒဏ်ငွေပေးဆောင်ရန်ထိပါ ပြောဆိုကြပါတယ်။

မစ္စတာ Pidgely ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ငှက်များအတွက် ကြော်ငြာတစ်ခုကို တွေ့ပြီးနောက် သူ့ရဲ့ သီးသန့်ဘန်ဂလိုအနီးရှိ ဥယျာဉ်ကို တိရစ္ဆာန်များ နေထိုင်ဖို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲ့အချိန်ကစပြီး သူနှင့်သူရဲ့ဇနီး Tara တို့ဟာ ကယ်တင်ထားကြတဲ့ ကြက်များ၊ လိပ်များ၊ ယုန်များ၊ ငါးအကောင် ၅၀ နှင့် Patch အမည်ရှိ ခွေးတစ်ကောင်တို့ကို ပြုစုစောင့်ရှောက်ရတာကို နှစ်သက်ခဲ့ပါတယ်။ ဒါပေမယ့် သူနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော် အတူနေထိုင်ခဲ့တဲ့ အိမ်နီးချင်း Rebecca Wells ဟာ တိရိစ္ဆာန်များကို အလွန်အမင်း စွဲလန်းခြင်းမရှိပါဘူး။

သူမနှင့် ခင်ပွန်းဖြစ်သူပေါလ်တို့ဟာ သူတို့နေထိုင်ရာ New Forest ရွာမှ ပြောင်းရွှေ့ရန် ခိုးများရဲ့ အသံဟာ အတင်းအကြပ်တွန်းအားပေးနေသလို 'စိတ်ဆင်းရဲစရာ' ဖြစ်ခဲ့ရပါတယ်လို့ သူမကပြောပြပါတယ်။ သူမလည်း ဒါကိုတိုင်ကြားပြီးနောက် ကောင်စီဟာ ခိုများရဲ့ အသံကို စုံစမ်းစစ်ဆေးရာ မိမိရဲ့ခေါင်းပေါ်က လေယာဉ်များကဲ့သို့ ပတ်ဝန်းကျင်ဆူညံသံများကို ကြားနေခဲ့ရပါတယ်။ ဒါကို 'တရားဝင်အနှောက်အယှက်' တစ်ခုအဖြစ် တွေ့ရှိခဲ့ပြီး ဥပမာအားဖြင့် ခိုအချို့ကို ဖယ်ရှားကာ ဆူညံသံကို လျှော့ချရန် ပထမအကြိမ်တွင် ပြောခံခဲ့ရပါတယ်။

တရားရုံးကပြောသလို မလုပ်ခဲ့တာကြောင့် ဒုတိယအကြိမ်မှာ သူ့ကိုတရားရုံးဆိခေါ်ဆောင်သွားကာ မစ္စတာ Pidgely ကို ဒဏ်ငွေ စတာလင်ပေါင် ၅၀၀ နှင့် ပေါင် ၄၅၀ ပေးဆောင်ရန် အမိန့်ပေးခဲ့ပါတယ်။ လမ်းသန့်ရှင်းရေး ကြီးကြပ်ရေးမှူးအဖြစ် နှစ် 30 နီးပါးဒေသခံအာဏာပိုင်များတွင် အလုပ်လုပ်ခဲ့တဲ့ Mr Pidgley ဟာဆူညံသံကိုလျှော့ချရန်သူ့အိမ်နီးနားချင်းများကုိ အပင်နှစ်ထပ်စိုက်ရန်အကြံပြုခဲ့တယ်လို့ တရားရုံးမှာ သိရှိခဲ့ရပါတယ်။

သတင်းအရင်းမြစ်: Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။