ညောင်ရွှေစော်ဘွားကြီးဆာစဝ်မောင်၏ အတွင်းဝန်ဦးဘိုးလှိုင်နေအိမ်တော်ကြီးဟာ နှစ်ပေါင်း ၁၀၇ သက်တမ်းရှိပြီဖြစ်တဲ့ သမိုင်းဝင်အိမ်တော်ကြီးဖြစ်ပါတယ်။ အတွင်းဝန်ဦးဘိုးလှိုင်ရဲ့နေအိမ်တော်ကြီးကို ညောင်ရွှေဟော်နန်းကြီး ပနှက်ချခဲ့ချိန်  မြန်မာသက္ကရာဇ် ၁၂၇၀ ၊  တန်ပေါင်းလဆန်း ၁၄ ရက် (အင်္ဂလိပ်ခုနှစ် - ၁၉၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့) နံနက် ၆ နာရီနှင့် အချိန်တစ်နာရီသာခြားပြီး ပနှက်ချခဲ့တာဖြစ်ပါတယ်။

Nyaungshwe note
Nyaungshwe note
Nyaungshwe note

အတွင်းဝင်ဦးဘိုးလှိုင်ရဲ့နေအိမ်ကြီးဟာ တစ်ခေတ်တစ်ခါက မူးမတ်တွေ နေထိုင်ခဲ့တဲ့ ရပ်ကွက်ထဲမှာ အရမ်းကို ခန့်ညားလွန်းလှတဲ့သမိုင်းဝင် အိမ်တော်ကြီးဖြစ်ခဲ့ပါတယ်။ အိမ်ကြီးတစ်အိမ်လုံးကို သစ်အမျိုးပေါင်း အစုံတို့ဖြင့် အင်းသားမျိုးနွယ်တွေ တည်ဆောက်ခဲ့ကြတာလို့ သိရပါတယ်။ ရှေးခေတ်အခါက လျှပ်စစ်မီးမရရှိတဲ့အတွက် သမိုင်းဝင်အိမ်ကြီးကို သဘာဝအလင်းရောင်ရရှိစေရန် ဦးစားပေးတည်ဆောက်ထားတယ်လို့ သိရှိရပါတယ်။

Nyaungshwe note
Nyaungshwe note

အိမ်ကြီးကို မြန်မာမှုလက်ရာစစ်စစ်များဖြင့် အခြေခံပြီး စနစ်တကျဆောက်လုပ်ထားခြင်းဖြစ်တာကြောင့် ရှေးခေတ်မြန်မာ့ရိုးရာဗိသုကာလက်ရာတွေကိုပါ အဖိုးထိုက်တန်စွာ တွေ့မြင်ရပါတယ်။

Nyaungshwe note
Nyaungshwe note
Nyaungshwe note

သမိုင်းဝင်နေအိမ်တော်ကြီးမှာ အတွင်းဝင်ဦးဘိုးလှိုင်နှင့် ဇနီးဒေါ်နန်းဆာတို့ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၇ ကြာထိအထိ ခန့်ညားစွာတည်ရှိနေတဲ့အိမ်တော်ကြီးကို အားလုံးပဲတွေ့မြင်နိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

Nyaungshwe note
Nyaungshwe note

အတွင်းဝင်ဦးဘိုးလှိုင်ရဲ့ သမိုင်းဝင်နေအိမ်ကြီးကို ဆက်လက်ထိန်းသိမ်းခဲ့ကြတဲ့ဆွေမျိုးများက မိမိတို့ကွယ်လွန်သွားပြီးသည့်နောက်တွင်ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာတည်သရွှေ့ အဓွန့်ရှည်တည်တံ့စေရေးအတွက် လိုအပ်သလိုအသုံးပြုနိုင်ရန် ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲတော်ကြီးနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ကြီးအား လှူဒါန်းထားတယ်လို့ သိရှိရပါတယ်။

Nyaungshwe note

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။