ဗြိတိန် တေးရေး ၊ အဆိုတော် ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Harry Styles ဟာ အဆိုလောကမှာနာမည်ကြီးလူကြိုက်များတဲ့သူတစ်ယောက်ဖြစ်သလို ဖက်ရှင်အပိုင်းမှာလည်း ပြိုင်စံရှားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ Harry Styles ဟာ ၁၉၉၄ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မွေးခဲ့တဲ့သူဖြစ်တာကြောင့် သူ့အသက်ဟာ အခုဆိုရင် ၂၇ နှစ်ရှိနေပါပြီ။ Harry Styles ရဲ့ ဂီတလှုပ်ရှားမှုဟာဆိုရင် ၂၀၁၀ ခုနှစ်The X Factor ပြိုင်ပွဲနဲ့စတင်ခဲ့တာဖြစ်ပါတယ်။

Harry Styles ရဲ့ ဖက်ရှင်တွေဟာ ဘယ်လိုတောင်ဆန်းသစ်လဲဆိုရင် သူ့ကို ကမ္ဘာ့အကောင်းဆုံးဖက်ရှင်တွေဝတ်ဆင်တဲ့ ဂီတပညာရှင်တွေထဲက တစ်ယောက်အဖြစ်တောင် သတ်မှတ်ထားတာပါ။ Harry Styles ဟာ အမျိုးသမီးတွေဝတ်ဆင်တဲ့ စကတ်ကိုလည်းဝတ်သလို ဂါဝန်ကိုလည်းဝတ်ဆင်ပါတယ်။ အဝတ်အစားနဲ့ပတ်သတ်ရင် ယောကျာ်းဝတ် မိန်းမဝတ်မခွဲတဲ့ Harry Styles ဟာ သူနဲ့လိုက်ဖက်တယ်လို့ ထင်ရင် ဘာကြီးပဲဖြစ်နေနေ ဝတ်လိုက်တယ်လို့ ဆိုပါတယ်။

Google
Google

ဝတ်ဆင်လိုက်တဲ့ဖက်ရှင်တွေဟာ အခြားသူတွေနဲ့အမြဲတမ်းကွဲထွက်နေပြီး အတုမရှိပြိုင်စံရှားပုံစံတွေဖြစ်နေရတဲ့အကြောင်းအရင်းက Harry Styles ဟာ စတိုင်ဆိုတာရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းကြီးနားလည်သဘောပေါက်လို့ပဲဖြစ်ပါတယ်။

Google
Google
Google
Google

ဒါ့အပြင် Harry Styles ရဲ့ အဝတ်ဗီဒိုထဲမှာဆိုရင်လည်း သာမန်ဝတ်နေကြလူတွေလို မျိုး အရောင်ဆင်တူတွေ ထားထားတာမဟုတ်ဘဲ အနီရောင် ၊ အစိမ်းရောင် ၊ အရောင်ကာလာ တောက်တောက်တွေအပြင် အခြား လည်ပတ် ၊ မာဖလာတို့လိုမျိုး accessory လေးတွေပါအများကြီး ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် Harry Styles ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်တိုင်းက အမြဲတမ်းတစ်ရောင်တည်းဖြစ်မနေပဲ colorful လေးဖြစ်နေတာပါ။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။