တာဇံဇာတ်ကားမှာရော မံမီရုပ်ဇာတ်လမ်းတွေထဲမှာပါ အရမ်းကိုအောင်မြင်မှုရရှိခဲ့တဲ့ မင်းသားကြီး Brendan Fraser ဟာ အခုဆိုရင်အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကဆိုရင် Brendan Fraser ဟာအရမ်းကိုအောင်မြင်တဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ယောက်ပါ။ ဒါပေမယ့် သူဟာ ရုတ်တရက်ကြီးပျောက်ကွယ်သွားခဲ့ပါတယ်။ Brendan Fraser ရယ်လို့ ကမ္ဘာတစ်ဝှမ်းကလူတွေ သိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေက "The Mummy" ၊ "George of the Jungle” ၊ “"Looney Tunes: Back in Action" နှင့် အော်စကာဆုရဇာတ်ကား "Crash" တို့ မှာပဲဖြစ်ပါတယ်။

Google

Brendan Fraser ဟာ အက်ရှင်ဇာတ်ဝန်ခန်းတွေမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားဖြစ်ပြီး သူသရုပ်ဆောင်ခဲ့တဲ့ စတန့်ပြကွက်တွေကနေ နောက်ဆုံးမှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဒူးတစ်စိတ်တစ်ပိုင်း အစားထိုးမှု၊ လည်ချောင်းခွဲစိတ်မှုနှင့် အသံကြိုးခွဲစိတ်မှုအပါအဝင် ခွဲစိတ်မှုများကို ခုနစ်နှစ်တာကာလအထိပြုလုပ်ခဲ့ရပါတယ်။

Google

Brendan Fraser အနုပညာလောကကနေ ပျောက်ကွယ်သွားရတဲ့ အဓိကအကြောင်းအရင်း နောက်တစ်ခုလည်းရှိပါသေးတယ်။ အဲဒါကတော့ ဟောလိဝုဒ် နိုင်ငံခြား သတင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း Philip Berk ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပါ။ Brendan Fraser ဟာ Philip Berk ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့်စွပ်စွဲခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်လောက် အနုပညာလောကကနေ ပျောက်ကွယ်သွားပါသေးတယ်။

Google

မှောင်မိုက်လှတဲ့ ကြောက်စရာဖြစ်ရပ်တွေကြောင့် အရမ်းကို ချောမောခန့်ညာခဲ့တဲ့ Brendan Fraser ဟာ ရုပ်ပိုင်းဆိုင်ရာပြိုလဲမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။ လူတွေကလည်း Brendan Fraser ရဲ့ ကိုယ်အလေးချိန်တတ်လာတာတွေ မျက်နှာပုံစံပြောင်းလဲသွားတာတွေနဲ့ ပတ်သတ်ပြီး မကြာခဏ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Google

Brendan Fraser ဟာ အခက်အခဲတွေကြားမှာ အားတင်းဆက်လျှောက်ရင်း အခုအချိန်မှာတော့ Leslie Grace ရဲ့ Batgirl ရုပ်ရှင်ထဲမှာ Firefly ဆိုတဲ့ ဗီလိန်တစ်ယောက်အနေနဲ့ အနုပညာလမ်းမထက်ပေါ်ကို ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း Brendan Fraser ရဲ့ Come Back ရုပ်ရှင်အတွက် အပြီအပြင်အားပေးဖို့ စောင့်မျှော်နေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။