တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Yoon Kye Sang ဟာ “You Quiz on the Block” ရဲ့ နောက်ဆုံးအပိုင်းမှာ သူ့ရဲ့မင်္ဂလာဆောင်ကိစ္စအကြောင်းကို ဖွင့်ပြောလာပါတယ်။ Yoon Kye Sang ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ tvN ရဲ့ variety show မှာ အစီအစဉ်တင်ဆက်သူ Yoo Jae Suk နဲ့ ဒီအကြောင်းကိုပြောခဲ့တာဖြစ်ပါတယ်။

Google

သြဂုတ်လမှာကတည်းက Yoon Kye Sang က သူဟာ နာမည်ကြီးမဟုတ်တဲ့ချစ်ရသူကောင်မလေးနဲ့ လက်ထပ်တဲ့ကိစ္စအကြောင်း အခုလိုပြောလာတာဖြစ်ပါတယ်။

“ကျွန်တော်သြဂုတ်လမှာ ကတည်းက သတို့သားဖြစ်ခဲ့တာပါ”

Yoon Kye Sang နှင့် သူ့ဇနီးဖြစ်သူတို့ဟာ သြဂုတ်လတုန်းက မင်္ဂလာလက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး လက်ထပ်ထားခဲ့ကြတာပါ။ Yoon Kye Sang လက်ရှိဝတ်ထားတဲ့ လက်စွပ်ဟာလည်း မင်္ဂလာလက်စွပ်ဖြစ်တဲ့အကြောင်း Yoon Kye Sang က အတည်ပြုပြောကြားထားပါတယ်။ Yoon Kye Sang ဟာ အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး သူ့အမျိုးသမီးဟာ သူ့ထက် ၅ နှစ်ငယ်တဲ့ အလှအပ စီးပွားရေးလုပ်ငန်းရှင် Cha Hye-young ဖြစ်တယ်လို့ သိရပါတယ်။

Google

အိမ်ထောင်ပြုပြီးနောက် ခံစားချက်ကို Yoon Kye Sang ကိုမေးတဲ့အခါမှာလည်း အခုလို ဖြေထားပါတယ်။

“ကျွန်တော်တကယ်ပျော်ပါတယ်။ နွေးထွေးလုံခြုံမှုရှိသွားသလို ခံစားရတယ်။ တကယ်ကိုအရမ်းပျော်ပါတယ်။ လူလွတ်ဘဝကို ပြန်သတိရတဲ့အချိန်ဆိုတာ မရှိသလောက်ပါပဲ။”

Google

Yoon Kye Sang ဟာ သူ့ရဲနာမည်ကြီးမဟုတ်တဲ့ ချစ်သူကောင်မလေးနဲ့ သြဂုတ်လတုန်းက လက်မှတ်ရေးထိုးခဲ့ပြီး မင်္ဂလာပွဲမလုပ်ခဲ့တာကြောင့် ပရိသတ်တော်တော်များများက Yoon Kye Sang လက်ထပ်ထားတဲ့အကြောင်းကို မသိကြပါဘူး။ မင်္ဂလာပွဲကျင်းပမယ့်အစီအစဉ်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် Yoon Kye Sang တို့ ဇနီးမောင်နှံ နှစ်ယောက် မပြုလုပ်ခဲ့ရဘဲ အခုလိုမျိုး လက်မှတ်သာရေးထိုးခဲ့ရတာလို့ သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။