Squid Game ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား Wi Ha Joon ဟာ ဆိုရင် ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားတဲ့သူပါ။ သူကအသက် ၃၀ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ တူမလေးဖြစ်သူကိုလည်း အရမ်းချစ်တဲ့ ဦးလေးတစ်ယောက်ပါ။ဘယ်လောက်တောင်ချစ်လဲဆို သူ့ရဲ့တူမလေးကို နာမည်တောင် တပ်မခေါ်ပဲ "မင်းသမီးလေး "လို့ကို ခေါ်တာပါ။

Instagram

တူမလေးက Wi Ha Joon ရဲ့ အစ်မက မွေးတဲ့သမီးလေးဖြစ်ပါတယ်။တူမလေးနဲ့အတူ ကစားနေတဲ့ပုံလေးတွေ အပြင်အတူတူလျှောက်လည်တဲ့ပုံလေးတွေကို Wi Ha Joon တစ်ယောက်သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အမြဲတင်လေ့ရှိပါတယ်။

Instagram
Instagram

ချစ်စရာတူဝရီးလေး နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေဟာဆိုရင်လည်း လူမှုကွန်ရက်စာမျက်နှာမှာ အရမ်းကို ရေပန်းစားပါတယ်။ အခုတစ်ခေါက်မှာလည်း Wi Ha Joon တစ်ယောက်သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တူမလေးကိုချီထားတဲ့ဗီဒီယိုလေးနဲ့ပုံလေးတွေကို တင်ပေးလိုက်ပြန်ပါပြီ။ ဗီဒီယိုလေးထဲမှာ တူမလေးက Wi Ha Joon ကို အဆက်မပျက်အနမ်းတွေပေးနေတာပါ။ တူဝရီးတွေ ချစ်ဖို့ကောင်းလိုက်ကြတာ။

Instagram

Wi Ha Joon က Squid Game သရုပ်ဆောင်အဖြစ် လူတွေမသိခင်ကတည်းက နာမည်ကြီးနေပြီးသား မင်းသားတစ်ယောက်ပါ။ Squid Game မှာ ပါဝင်လာပြီးတဲ့နောက်မှာတော့ ပိုပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။ Wi Ha Joon က ၂၀၁၂ ခုနှစ် ၊ အသက် ၂၁ နှစ်အရွယ်မှာ Peace in Them ဆိုတဲ့ဇာတ်လမ်းလေးနဲ့ အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့တဲ့သူပါ။ Wi Ha Joon ဟာ ငယ်ငယ်ကတည်းက သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့သူဖြစ်ပြီး သူပါဝင်ရိုက်ကူးသရုပ်ဆောင်ချင်တဲ့ နေရာကတော့ ဗီလိန်တစ်ယောက် နေရာကဖြစ်ပါတယ်။

Instagram
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။