ရုပ်ရည်ချောမောသလို အသံပါဝါလည်း အရမ်းကောင်းတဲ့ Exo အဖွဲ့ဝင် Chen ဟာ တောင်ကိုရီးယားမှာ ရော ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာပါ မသိတဲ့သူ မရှိလောက်အောင် အရမ်းကို နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Exo အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ဟာ နာမည်ကြီးမဟုတ်တဲ့ ဇနီးဖြစ်သူနဲ့ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်မှာ လျို့ဝှက်လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

Exo အဖွဲ့ဝင် Chen ဟာ သူ့ရဲ့ ပထမဦးဆုံးကလေးလေးကို ဧပြီလ ၂၀၂၀ ခုနှစ်မှာ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း သူ့ရဲ့ ဒုတိယမြောက်ကလေးလေးကို ဇနီးဖြစ်သူမှ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြန်ပါပြီ။ ဒါကြောင့် Exo အဖွဲ့ဝင် Chen ဟာဆိုရင် ကလေး နှစ်ယောက် အဖေဖြစ်လာတော့မှာပါ။

Google

ဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက Newsen မှ Chen ရဲ့ အမျိုးသမီးမှာ ဒုတိယကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကိုထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ SM Entertainment မှလည်း ဒီကိစ္စကို အခုလို အတည်ပြုပေးခဲ့ပါတယ်။

“Exo အဖွဲ့ဝင် Chen ရဲ့ အမျိုးသမီးမှာ ဒုတိယမြောက်ကလေးလေး ကိုယ်ဝန်ရှိနေတာ မှန်ကန်ပါတယ်။”

Google

Exo အဖွဲ့ဝင် Chen ဟာဆိုရင် လက်ရှိမှာ စစ်မှုထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ ဒုတိယရင်သွေးလေး ထပ်မံရရှိခဲ့တဲ့အတွက် Chen နဲ့ သူ့ဇနီးဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။