Chelsie Hill ဟာ ကျွမ်းကျင်အဆင့်အကမယ်တစ်ယောက်ဖြစ်ပြီး ကားမတော်တဆမှုတစ်ခုကြောင့် အောက်ပိုင်းသေသွားရသူဖြစ်ပါတယ်။ သူမဟာ အောက်ပိုင်းသေခဲ့ရပေမယ့် လောကကြီးကို အရှုံးမပေးဘဲ ဝှီးချဲနဲ့ပဲအကတွေဆက်ကသွားရင်း ကျွမ်းကျင်အကသမားတစ်ယောက်ဖြစ်လာခဲ့တာပါ။

Google

Hill ဟာ သာမန်အမျိုးသမီးတွေလိုမျိုး မင်္ဂလာပွဲတွေမှာ လမ်းလျှောက်ချင်ခဲ့တာပါ။ သူမဖြစ်ချင်တဲ့အတိုင်း မင်္ဂလာပွဲမှာလမ်းလျှောက်နိုင်တဲ့ ဝှီးချဲလေးကို တကယ်ဖန်တီးပြီး ပွဲတတ်နိုင်ခဲ့ပါတယ်။ Hill အောက်ပိုင်းသေခဲ့တာက၂၀၁၀ ခုနှစ်တုန်းကဖြစ်ပါတယ်။ အခုဆိုရင်သူမအသက်ဟာ ၂၉ နှစ်ရှိပါပြီ။ အဲဒီအချိန်ကစပြီး Hill ဟာ Rollettes ကိုတည်ထောင်သူဖြစ်လာပြီး Los Angeles မှာရှိတဲ့ ဝှီးချဲအကအဖွဲ့မှာ ပါဝင်လာခဲ့ပါတယ်။

Google

Hill မှာ အင်စတာဂရမ်ဖော်လိုဝါ ၁၆၇၀၀၀ ကျော်ရှိပြီး အင်စတာဂရမ်မှာ နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ သူမဟာ သူမရဲ့ ချစ်သူ Jay Bloomfield နှင့် ၂၀၁၄ ခုနှစ်ကတည်းက တွဲခဲ့တာပဲဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ပြီးတဲ့နောက်မှာ Hill ဟာ သူမကို အချစ်စစ်နဲ့ချစ်နိုင်မယ့်သူ မရှိလောက်တော့ဘူးလို့ ထင်ခဲ့ပေမယ့် သူမရဲ့အတွေးတွေဟာ မှားယွင်းခဲ့ပါတယ်။ Jay Bloomfield ကသူမကို တကယ်ချစ်တဲ့သူပါ။ Hill လမ်းလျှောက်လို့ရတဲ့ဝှီးချဲနဲ့ မင်္ဂလာအခန်းအနားတတ်လာတုန်းကဆို Bloomfield တစ်ယောက်မျက်ရည်တွေနဲ့ ငိုတောင်ငိုပါတယ်။

Google

မင်္ဂလာပွဲကို ဝှီးချဲလေးနဲ့ပြုလုပ်ခဲ့တဲ့ အကသမလေး Hill ရဲ့မင်္ဂလာပွဲဓာတ်ပုံလေးတွေက အရမ်းချစ်ဖို့ကောင်းပြီးကြည်နူးဖို့ကောင်းလိုက်တာ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။