အဆိုတော်စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာလေးဟာ ပါးဖောင်းဖောင်းလေးနဲ့အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပါ။ ထရက်ရှာလေးရဲ့ နာမည်အရင်းက ခင်လင်းထင်ဖြစ်ပါတယ်။ ထရက်ရှာလေးကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ထရက်ရှာလေးရဲ့ အသက်က ၂ နှစ်ကျော်ကြာပါပြီ။ မေမေ စန္ဒီမြင့်လွင်နဲ့ရုပ်ချင်း အရမ်းတူတဲ့ ထရက်ရှာလေးကို ချစ်တဲ့ပရိသတ်တွေကလည်း အများကြီးပါပဲ။အခုတစ်ခေါက်မှာလည်း မေမေစန္ဒီမြင့်လွင်က သူ့ရဲ့အချစ်တုံးသမီး ထရက်ရှာလေးက ဘယ်သန်လေးဖြစ်နေတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ပြောလာပါတယ်။

Sandy Myint Lwin's Facebook
Sandy Myint Lwin's Facebook
Sandy Myint Lwin's Facebook

“ကလေးတွေရဲ့ဘယ်သန်ညာသန်အကြောင်းပြောကြတာကြားဖူးလို့ ထရက်ရှာ ကတော့ဘယ်သန် လေးပါ တစ်ခါမှညာနဲ့ကိုင်မှကောင်းမယ်လို့မပြောဖြစ်သလိုသူ့စိတ်သန်ရာပဲ အတင်းမပြောင်းပေးဖြစ်ပါဘူး မေမေတို့လဲဘယ်သန်လေးတွေကိုအတင်းမပြောင်းပေးပါနဲ့နော် ”

Sandy Myint Lwin's Facebook

သူမရဲ့သမီးလေး ထရက်ရှာလေးဟာ ဘယ်သန်လေးဖြစ်တာကြောင့် အတင်းညာဘက်သန်အောင်လုပ်ပေးဖို့ မေမေစန္ဒီမြင့်လွင်လည်း အတင်းမပြောင်းပေးလိုဘူးလို့ပြောထားပါတယ်။ ကလေးလေးတွေစိတ်သန်ရာအတိုင်းလုပ်ခိုင်းတာအကောင်းဆုံးဖြစ်လို့ အခြား မေမေတို့တွေလည်း ဘယ်သန်လေးတွေကို အတင်းမပြောင်းပေးဖို့ မေမေစန္ဒီမြင့်လွင်က တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ ထရက်ရှာလေးကတော့ တကယ်ကံကောင်းတဲ့ကလေးလေးပဲနော်။ အရမ်းချစ်တတ်တဲ့မေမေနဲ့ဖေဖေကိုရရှိ ပိုင်ဆိုင်ထားလို့ပါ။

Sandy Myint Lwin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။