“ဒိုရေမွန်” ကာတွန်းဇာတ်လမ်းလေးဟာ Fujiko F မှ ဖန်တီးထားတဲ့ ဂျပန်ကာတွန်းစီးရီးလေးတစ်ခုဖြစ်ပါတယ်။ ဒိုရေမွန်ကာတွန်းဇာတ်လမ်းလေးထဲမှာဆိုရင် နိုဘီတာလို့ခေါ်တဲ့ကောင်လေးနဲ့ ဒိုရေမွန်လို့ခေါ်တဲ့ ကြောင်ပြာလေးတစ်ကောင်ပါတာကို အားလုံးပဲ သတိထားမိကြမှာပါ။ ကာတွန်းဇာတ်လမ်းလေးထဲမှာတော့ ဒိုရေမွန်ကြောင်ပြာလေးက နိုဘီတာလို့ခေါ်တဲ့ကောင်လေးကို ကူညီပေးဖို့ ၂၂ ရာစုကနေ ရောက်ရှိလာတာပါ။

ဒိုရေမွန်ဇာတ်လမ်းလေးက ကလေးဘဝတုန်းက ကြည့်ခဲ့ရတဲ့ ကာတွန်းဇာတ်လမ်းလေးတွေထဲမှာ မျက်စိထဲစွဲကျန်နေတဲ့ ကားကောင်းလေးတွေထဲက တစ်ကားဆိုလည်း မမှားပါဘူး။ အရမ်းကို ကြည့်ရတာပျော်ဖို့ကောင်းတဲ့ ကာတွန်းကားလေးရဲ့နောက်ကွယ်မှာ အခုလို စိတ်ညစ်စရာတွေ ရှိနေတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။

Google

ဒိုရေမွန်ဇာတ်လမ်းကို အခြေတည်ရိုက်ကူးထားတဲ့ အပြင်က တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းထဲက လူသားလေး နိုဘီတာဟာ စိတ်ကစဉ့်ကလျားရောဂါ ဖိစီးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ လူသားနိုဘီတာလေးဟာ တွေးခေါ်နိုင်စွမ်းနည်းသလို၊ ခံစားပြုမှုနိုင်မှုတွေကိုလည်း ရှင်းရှင်းလင်းလင်းမသိရှာပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစွမ်းအားလျော့နည်းပြီး စိတ်ကူးယဉ်တာနဲ့လက်တွေ့နဲ့ကို မသဲကွဲတဲ့ကလေးတစ်ယောက်ပါ။ နိုဘီတာလေးရဲ့စိတ်ရောဂါကြောင့် ကျောင်းမှာဆိုရင် သူငယ်ချင်းတွေအနိုင်ကျင့်တာကို ခံရပါတယ်။ သူငယ်ချင်းတွေက နိုဘီတာဟာ အရူးတစ်ယောက်ဖြစ်တာကြောင့် တစ်နေ့ သူ့တို့ကို ရန်ရှာလာနိုင်တယ်ဆိုပြီး ရှောင်ဖယ်သွားကြပါတယ်။ စိတ်ရောဂါအခံရှိတဲ့ နိုဘီတာဟာ အပေါင်းအသင်းတွေရဲ့ ရှောင်ဖယ်ခြင်းကိုပါ ခံခဲ့ရတာကြောင့် တဖြည်းဖြည်း အထီးကျန်လာပြီး ရောဂါအခြေအနေက ပိုမိုပြင်းထန်လာပါတယ်။

Google

စိတ်ရောဂါအခံလည်းရှိ ၊ တဖြည်းဖြည်းလည်း အထီးကျန်လာတဲ့ နိုဘီတာဟာ ဒိုရေမွန်လို့ခေါ်တဲ့ စက်ရုပ်ကြောင်လေးတစ်ကောင်ကို စိတ်ကူးယဉ် သူငယ်ချင်းအဖြစ်ထင်မှတ်မိလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒိုရေမွန်ဟာ နိုဘီတာရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေး ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နိုဘီတာဆိုတဲ့ ကောင်လေးဟာ သူ့သူငယ်ချင်း ဒိုရေမွန် တကယ်မရှိဘူးဆိုတာ သိသွားခဲ့ပါတယ်။ နိုဘီတာဟာ ဒိုရေမွန်ကတကယ်မရှိဘူးဆိုတဲ့  အမှန်တရားကို လက်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့အသက် ၁၆ နှစ်အရွယ်မှာ ဖခင်ဖြစ်သူရဲ့ သေနတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့သေကြောင်းကြံစည်ခဲ့တဲ့ကောင်လေး နိုဘီတာကို အောက်မေ့သတိရတဲ့အနေနဲ့ ဒိုရေမွန်ကာတွန်းစီးရီးလေးကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူသားလေး နိုဘီတာမရှိတော့ပေမယ့် ကာတွန်းဇာတ်ကောင်လေး နိုဘီတာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

Google

နိုဘီတာလေးရဲ့ အပြင်လောကက ဇာတ်လမ်းနဲ့ပတ်သတ်ပြီး ပါးစပ်ရာဇဝင်တစ်ခုသာဖြစ်တယ် မယုံကြည်နိုင်ဘူး။ကာတွန်းက ကာတွန်းပဲ ဘာတွေပြောနေတာလဲ ဆိုတဲ့ မယုံကြည်တဲ့သူတွေလည်း ရှိကြပါတယ်။ တချို့ကလည်း အကြောင်းအရာတွေဟာ အရမ်းကို ကျိုးကြောင်းညီညွတ်ပြီး တိုက်ဆိုင်လွန်းနေတာကြောင့် ဒီဖြစ်ရပ်ကို တကယ်ဖြစ်ခဲ့တာဆိုပြီး ယုံကြည်ကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။