Angelina Jolie နှင့် Brad Pitt တို့မှာ စုစုပေါင်း သားသမီး ၆ ယောက်ရှိပြီး ၃ ယောက် က သွေးရင်း ၃ ယောက်က မွေးစားထားတာလေးတွေဖြစ်ပါတယ်။ Shiloh လေးကတော့ သူတို့ရဲ့ သွေးရင်း ၃ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် Shiloh လေးက အသက် ၁၅ နှစ်တောင်ရှိနေပါပြီ။ အသက်ကြီးလာတာနှင့်အမျှ Shiloh လေးဟာ သူ့အဖေ ၊ အမေတို့နဲ့ ပိုပိုပြီးတူလာတာကို ပရိသတ်တွေက သတိထားမိလာကြပါတယ်။

Google

Shiloh ဟာရယ်လိုက်ရင် သူ့အမေနဲ့တူပြီး တည်လိုက်ရင်တော့ သူ့အဖေနဲ့သွားပြီးတူနေပါတယ်။ မိခင် ၊ ဖခင်တွေက ကွာရှင်းထားတာဖြစ်ပေမယ့် သွေးကရေထက်ပြစ်တယ်ဆိုတဲ့အတိုင်း သမီးလေးက အခုလို မိဘတွေနဲ့ ရုပ်ချင်းလေးလာဆင်နေတာပါ။

Google
Google

Shiloh ဟာ ဖက်ရှင်ကိုစိတ်ဝင်စားတဲ့သူဖြစ်ပြီး သူမကိုယ်သူမ ပုံစံအမျိုးမျိုးပြောင်းလဲရတာကို ကြိုက်နှစ်သတ်တဲ့သူဖြစ်ပါတယ်။ ယောကျာ်းလေးပုံစံမျိုးကစပြီး လှပကြော့ရှင်းတဲ့ မိန်းကလေး ဆန်တဲ့ ဖက်ရှင်တွေအားလုံးဝတ်ရတာ သဘောကျတဲ့သူလေးပါ။

Google

Shiloh ဟာ မိခင် Angelina Jolie ဝတ်ဖူးတဲ့ ပုံစံတူဂါဝန်ကိုဝတ်ဆင်ပြီး ပွဲ တတ်ဖူးပါတယ်။

Google
Google

Shiloh ဟာ အသက် ၁၅ နှစ်သာရှိသေးပေမယ့် သူမရဲ့ ဖအေတူ ၊ မအေတူမျက်နှာလေးကြောင့် အရမ်းကို လူချစ်လူခင်ပေါတဲ့ကောင်မလေးပါ။ ရုပ်လေးကလည်း တကယ်ချစ်ဖို့ကောင်းတာပဲကိုနော် .. ချစ်လိုက်တာ Shiloh ရယ် …

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။