တောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kang Ki Young ဟာဆိုရင် သားဦးလေးရဲ့ ဖခင်ဖြစ်လာခဲ့ပါပြီ။ Kang Ki Young ဟာ ကိုရီးယားဇာတ်လမ်းတိုင်း လိုလိုမှာပါဝင်လေ့ရှိတဲ့သူဖြစ်တာကြောင့် သူ့ကိုဆိုမသိတဲ့လူမရှိသလောက်ပါပဲ။ Kang Ki Young ဖခင်တစ်ယောက်ဖြစ်လာတဲ့အကြောင်းကို သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Namoo Actors က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တရားဝင် ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

Google

သရုပ်ဆောင် Kang Ki Young ဟာ သူ့ရဲ့ နှစ်ရှည်လများတွဲခဲ့တဲ့နာမည်ကြီး မဟုတ်တဲ့ ချစ်သူကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်မေလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပြီး ၂ နှစ်အကြာမှာအခုလို သားဦးလေးကို ရရှိပိုင်ဆိုင်သွားတာပဲဖြစ်ပါတယ်။

Google

Kang Ki Young ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ဇာတ်လမ်းတွေက “King of High School,”  ၊ “Oh My Ghost,” နှင့်  “What’s Wrong with Secretary Kim” တို့ဖြစ်ပါတယ်။ Kang Ki Young ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်း “Bargaining” ကလည်း မကြာခင်ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

Google
Google

Kang Ki Young ဟာ Netflix ရဲ့ original series ဖြစ်တဲ့  “Weird Lawyer Woo Young Woo” မှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့အတွက် အတည်ပြုထားပြီးပြီပဲဖြစ်ပါတယ်။ ကောင်းတဲ့သတင်းတွေနှင့်အတူ သားဦးလေး ရရှိပိုင်ဆိုင်သွားတဲ့ သတင်းကလည်း Kang Ki Young အတွက် တကယ့်ကို ဝမ်းမြောက်စရာ မင်္ဂလာသတင်းလေးပါ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။