Home Alone ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေး Macaulay Culkin ဟာ တစ်ခေတ်တစ်ခါက မသိတဲ့လူ မရှိလောက်အောင်ကို နာမည်ကြီးတဲ့သူပါ။ Macaulay Culkin ဘယ်လောက်ထိ နာမည်ကြီးလဲဆိုရင် ၁၉၉၀ ခုနှစ်မှာ ဟောလိဝုဒ်လောကရဲ့ အအောင်မြင်ဆုံးကလေး သရုပ်ဆောင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့အထိကို ဖြစ်ခဲ့တာပါ။ သူရရှိခဲ့တဲ့ ဆုတံဆိပ်တွေကလည်း အများကြီးပါပဲ။

Google
Google

Macaulay Culkin ဟာ အနုပညာမျိုးရိုးရှိတဲ့သူမဟုတ်ခဲ့ပေမယ့် မွေးချင်း ၇ ယောက်အတွက် အနုပညာလောကထဲကို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Google

Macaulay Culkin ရဲ့ မှောင်မိုက်တဲ့အချိန်ကာလတွေဟာ သူ့မိဘနှစ်ပါး ကွာရှင်းခဲ့ပြီးနောက်မှာ စတင်လာခဲ့ပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ Macaulay Culkin တစ်ယောက် တစ်နေ့ကို စီးကရက် အလိပ် ၆၀ သောက်ပါတယ်။ မူးယစ်ဆေးဝါးနှင့် အရက်တွေကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့တဲ့ Macaulay Culkin ဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြိုလဲလာခဲ့ပါတယ်။

Google

ကလေးဘဝတုန်းက ရရှိခဲ့တဲ့ အနုပညာကြေးတွေဟာလည်း Macaulay Culkin အတွက်သုံးမကုန်နိုင်အောင်ဖြစ်ခဲ့ပါတယ်။ ဘာမှလုပ်စရာမလိုဘဲ ထိုင်ပြီး သုံးနေရင်းနဲ့ကို မကုန်နိုင်တဲ့ ငွေတွေကြောင့်လည်း Macaulay Culkin တစ်ယောက် လမ်းမှားရောက်ခဲ့တာလို့ လူတွေက သုံးသပ်ထားကြပါတယ်။

Google

၂၀၁၄ ခုနှစ်မှာလည်း Macaulay Culkin တစ်ယောက်သေဆုံးသွားပြီဆိုတဲ့ ကောလာဟလ သတင်းတွေ အများကြီးထွက်လာခဲ့ပါတယ်။ သုံးမကုန်တဲ့ပိုက်ဆံတွေနဲ့ လမ်းမှားရောက်ပြီးရင်းရောက် ဖြစ်ခဲ့တဲ့ Macaulay Culkin ဟာ အခုဆိုရင် လမ်းမှန်ပေါ်ကို တဖြည်းဖြည်းပြန်လည်တတ်လာနိုင်ပြီလို့ သိရပါတယ်။

Google

Macaulay Culkin ဟာ အရင်လို ဆေးလိပ်တွေ အများကြီးမသောက်တော့သလို အရက်လည်း လျှော့သောက်လာပြီလို့ သိရပါတယ်။ မကြာသေးမီက Macaulay Culkin တစ်ယောက် Gucci အတွက် စင်မြင့်ပေါ်မှာ Catwalk လျှောက်ခဲ့ပါတယ်။

Google

စိတ်သစ်လူသစ်ပုံစံသစ်နဲ့ ပြန်လည်ပြုပြင်လာနိုင်တဲ့ Macaulay Culkin ကို ပြန်လည်မြင်တွေ့ခဲ့ရလို့လည်း ပရိသတ်တွေက အများကြီး ဝမ်းသာနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။