အဆိုတော်ဟန်ထူးလွင်ခေါ်ကျားပေါက်ဟာ အနုပညာစွမ်းရည်ပါရမီပြည့်ဝလွန်းတဲ့ သူတစ်ယောက်ပါ။ကိုကျားပေါက်ဖန်တီးထားတဲ့စစ်မှန်တဲ့ အနုပညာလက်ရာဟာလည်း တန်ဖိုးကြီးပစ္စည်းများနဲ့ ဖန်တီးထားတာမျိုး မဟုတ်ဘဲ Soft Pen လေးတွေနဲ့သာ ဖန်တီးထားတာဖြစ်ပါတယ်။စစ်မှန်တဲ့အနုပညာလက်ရာမျိုးဖြစ်တာကြောင့်Soft Pen တစ်ချောင်းတည်းနဲ့ဖန်တီးထားစေကာမူ ဈေးနှုန်းတန်ဖိုးက အဖိုးထိုက်တန်လှပါတယ်။

Kyar Pauk
Kyar Pauk

အခုဆိုရင်ကိုကျားပေါက်ရဲ့Soft Pen လေးတွေနဲ့ ဖန်တီးထားတဲ့Doodle Art လက်ရာလေးတွေဟာဆိုရင်ကမ္ဘာကျော်တဲ့အထိကို ဖြစ်နေပါပြီ။ငွေကျပ်သိန်းပေါင်းများစွာ ဖန်တီးလှူဒါန်းနိုင်တဲ့Doodle Art လက်ရာလေးတွေကိုSoft Pen လေးတစ်ချောင်းတည်းနဲ့ဖန်တီးထားတဲ့အကြောင်းကိုဆရာကျားက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအခုလိုပြောလာပါတယ်။ 

Kyar Pauk

"အိမ်မရှိဘူး။ 

ပိုက်ဆံမရှိဘူး။ 

နိုင်ငံမရှိဘူး။ 

Soft pen ရှိတယ်။ 

And this happened. 

Thank you Ako Mgmgaye , nyima Pencilo (and my hidden guardian angel gangsta) everyone involved in this little charity of mine. 

Stay strong my brothers and sisters of Chin state. 

This one goes out to you. 

We’ll get through this as one. 

Love ❤️ 

Kp 

(ထပ်လှူဖြစ်တဲ့နေရာupdate ပါမယ်)။ 

အိပ်ပြီ။"

Kyar Pauk

ကိုကျားပေါက်Soft Pen လေးတစ်ချောင်းတည်းနဲ့ ဖန်တီးထားတဲ့Doodle Art လက်ရာလေးတွေကနေ ရန်ပုံငွေအမေရိကန်ဒေါ်လာသိန်းပေါင်း၁သောင်းကို ထန်တလန်အတွက်လှူဒါန်းလိုက်နိုင်တာပဲဖြစ်ပါတယ်။နောက်ထပ်လည်းအခြားနေရာတွေကို ထပ်မံလှူသွားပေးသွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။

Kyar Pauk

အနုပညာသာ စစ်မှန်ရင်ကျောက်တုံးလေးတစ်တုံးကလည်း သိန်းချီ တန်သွားနိုင်တယ်ဆိုတဲ့စကားကို ဆရာကျားက သက်သေပြပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။အရမ်းကို ထူးချွန်လှတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက်လည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့တော်တော်လေးကို ဂုဏ်ယူမိပါတယ်။

Kyar Pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။