အနုပညာလောကရဲ့ မင်းသားတစ်ဦးလည်း ဖြစ်တဲ့ သရုပ်ဆောင်စည်ဖြိုးကို အားလုံးသိကြမှာပါ။သူရဲ့ အနုပညာမှာ ထူးချွန်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။သရုပ်ဆောင် စည်ဖြိုးဟာ သရုပ်ဆောင်ပိုင်းမှာတင် ထူးချွန်ရုံသာမက တစ်ဖက်မှာလည်း သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။သရုပ်ဆောင်စည်ဖြိုးဟာ ချစ်ဇနီးချောလေး ခင်လွှမ်းနဲ့အတူ အလွန်ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်၊၊

Photo Credit - Si Phyo's Facebook

သူတို့နှစ်ဦးရဲ့ သမီးလေးကလည်း နှစ်ဖက်ဖိုးဖိုးဖွားဖွားများရဲ့ မြေးဦးလေးဖြစ်တာကြောင့် အလွန်ချစ်ခံရတဲ့ကလေးလေး ဖြစ်ပါတယ်။

Photo Credit - Si Phyo's Facebook

သရုပ်ဆောင်စည်ဖြိုးရဲ့ မိခင် အန်တီသီသီဝင်းဟာလည်း အလှူရေစက် လက်နဲ့မကွာ ဆိုရလောက်အောင် အလှူအတန်းတွေကို တက်ကြွစွာနဲ့ ရက်ရောစွာ လှူဒါန်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။အန်တီသီသီဝင်းဟာ လစဥ်လတိုင်း အလှူတွေကိုပြုလုပ်နေသလို တစ်ဖက်မှာလည်း ခက်ခဲနေသူများကိုလည်း မကြာခဏ လှူဒါန်းပေးလေ့ရှိပါတယ်၊၊

Photo Credit - Ei Thi's Facebook

ဒီတစ်ခေါက်မှာလည်း အန်တီသီသီဝင်းဟာ  ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိခင်ကြီး ဒေါ်သန်းအေးကို ရည်စူးပြီး ဆားကန်ကျောင်းတိုက်သို့ အလှူငွေများ မတည်လှူဒါန်းခဲ့ပြီး အလှုဒါနပြုလုပ်ခဲ့တဲ့ လှုဒါန်းမှုပုံရိပ်များ သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာကို ပရိတ်သတ်တွေအတွက် ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ်။

Photo Credit - Ei Thi's Facebook
Photo Credit  - Ei Thi's Facebook
Photo Credit - Ei Thi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။