ဦးကျော်သက်လင်းဟာMRTVရုပ်သံဌာနကနေ စောဦးစွာCDM ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။CDM ပြုလုပ်ခဲ့ပြီးနောက်မှာ ခံယူချက်ပြင်းထန်စွာနှင့်တိုင်းပြည်အပေါ်သစ္စာရှိတဲ့ဦးကျော်သက်လင်းဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။
အခုအချိန်မှာဆိုရင်ဦးကျော်သက်လင်းဟာ တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရင်း ပြောင်းလဲသွားတဲ့မြို့ပြက မိတ်ဆွေတွေရဲ့အကြောင်းကို အခုလိုလေးရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။
"သတ္တဝါတိုင်းဟာဘယ်လောက်ပဲသေးငယ်တဲ့အကောင်လေးတွေပဲဖြစ်ဖြစ်
ကိုယ့်ကိုအန္တရာယ်ပေးလာရင်...
ဥပမာ-ခြင်လေးယင်လေးတကောင်ကို
လွယ်လွယ်ဖမ်းလို့သတ်လို့မရပါဘူး။
ရိုက်ဖို့ချိန်လိုက်တာနဲ့ပျံသန်းလွတ်မြောက်သွားတာများတာပါပဲ။
ကျနော်တို့လည်းလွတ်မြောက်ဖို့အတွက်တစ်နေရာကိုစွန့်ခွါရပါတယ်။
စွန့်ချင်ခွါချင်လို့တော့ဘယ်ဟုတ်ပါ့မလည်း။
ဒါပေမယ့်ကိုယ်ကအန္တရာယ်ကြောင့်စွန့်ခွာရတဲ့အခါမြို့ပြကလူတွေကလည်းသူတို့ရပ်တည်မှုကိုထိခိုက်လာမှာကြောင့်ကျနော့်ကိုပြန်ခွာလာကြတယ်။
ကျနော်ခန္ဓာကသာသူတို့နားကခွာခဲ့ရပေမယ့်သူတို့ကစိတ်ရောကိုယ်ပါစွန့်ပစ်ဖယ်ခွာသွားကြတဲ့အခါ....
တောထဲမှာပဲ
ချေးမဖောက်အကြေးခွံမခွာပဲ
ငါးကင်စားလိုက်တာကောင်းပါတယ်ဗျာ....???
ဟိုးအရင်နေ့များကဖြစ်သည်။"
လူတွေရဲ့သဘောကတော်တော်ကြောက်စရာကောင်းတာပဲနော်။ကိုယ့်ကိုယ်လာထိမှာကြတော့ ကြောက်လိုက်ကြတာ။ဦးကျော်သက်လင်းတစ်ယောက်လည်း ပြောင်းလဲသွားတဲ့မိတ်ဆွေတွေရဲ့စိတ်ဓာတ်ကိုကြည့်ပြီးတော်တော်လေးတရားကျနေတဲ့ပုံပါပဲ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။