Running Man အဖွဲ့ဝင်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့Song Ji Hyo ဟာ သူမရဲ့ပရိသတ်တွေကို အရင်ကနဲ့ မတူတဲ့ ပုံစံအသစ်ကို ချပြပေးလိုက်ပါတယ်။Song Ji Hyo က သူမရဲ့ပုံစံအသစ်ကို နိုဝင်ဘာလ၁၃ရက်နေ့မှာ အင်စတာဂရမ်ပေါ်မှာ ဓာတ်ပုံလေးတွေတင်ပေးပြီး ချပြလိုက်တာဖြစ်ပါတယ်။ 

Google

ဓာတ်ပုံလေးတွေထဲမှာဆိုရင်Song Ji Hyo က ယောကျာ်းလေးတစ်ယောက်ပုံစံမျိုး ဆံပင်လေးနဲ့အရမ်းကို နုဖပ်နေတာပဲဖြစ်ပါတယ်။သူမရဲ့ဆံပင်အရှည်ကို ဖြတ်လိုက်ပြီး တိုတောင်းလှတဲ့ဆံပင်ဖြစ်အောင်ညှပ်လိုက်နိုင်တာကြောင့်လည်း ပရိသတ်တွေက အရမ်းကိုအံ့ဩနေကြပါတယ်။

Instagram
Instagram
Instagram

Song Ji Hyo ဆံပင်ညှပ်လိုက်တာနဲ့ပတ်သတ်ပြီး  Running Man အဖွဲ့ဝင်HaHa ကလည်း"ဒါဘာလဲ?" ဆိုပြီး မှတ်ချက်လေးဝင်ရေးထားပါတယ်။

Instagram

ပုံစံအသစ်နဲ့လုံးဝမမှတ်မိတော့အောင်ပြောင်းလဲသွားတဲ့Song Ji Hyo ရဲ့ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာမှာ အရမ်းကိုနာမည်ကြီးနေပါတယ်။အားလုံးရဲ့အမြင်ကရောဘယ်လိုလဲ? Song Ji Hyo ရဲ့ပုံစံလေးက လှတယ်လို့ထင်လား? မင်မင်ကတော့ချစ်ဖို့ကောင်းတယ်လို့ထင်နေတုန်းပါပဲ။ 

Google
Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။