ကောင်းမှုတစ်ခု နေ့စဥ်ပြုဆိုသလို အလှူရေစက် လက်နဲ့မကွာ လို့ဆိုရလောက်အောင် လှူဒါန်းလေ့ရှိသူက အားလုံးချစ်ခင်ကြတဲ့ သရုပ်ဆောင်စည်ဖြိုးရဲ့ မိခင် အန်တီဆွေပဲ ဖြစ်ပါတယ်။

Photo Credit - Ei Thi's Facebook

သရုပ်ဆောင် စည်ဖြိုးဟာ အနုပညာခရီးလမ်းကြောင်းမှာလည်း နေရာတစ်ခုရရှိထားပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။သရုပ်ဆောင်စည်ဖြိုးဟာ အခုချိန်မှာတော့ ချစ်ဇနီးလေး ခင်လွှမ်းနဲ့အတူ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Ei Thi's Facebook

သူတို့နှစ်ဦးရဲ့ သမီးလေးကလည်း တော်တော်လေးကို ချစ်စရာကောင်းပြီး နှစ်ဖက်ဖိုးဖိုးဖွားဖွားတို့ရဲ့ မြေးဦးလေးဖြစ်တာကြောင့် ချစ်ခြင်းတွေအပြည့်ရနေတဲ့ကလေးလေးဖြစ်သလို ပရိတ်သတ်တွေကလည်း ကလေးလေးကို အရမ်းချစ်ကြပါတယ်။

Photo Credit  - Ei Thi's Facebook

သရုပ်ဆောင်စည်ဖြိုးတို့မိသားစုဟာ အမြဲတမ်းလိုအပ်တဲ့နေရာတွေကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးလေ့ရှိပါတယ်။

Photo Credit. - Ei Thi's Facebook

သရုပ်ဆောင်စည်ဖြိုးရဲ့ မိခင် အန်တီဆွေကလည်း အလှူတွေမကြာခဏ ပြုလုပ်လေ့ရှိသလို သူမရဲ့အလှူတွေကို ခုနှစ်ရက်သားသမီးများ သာဓုခေါ်နိုင်ဖို့အတွက်ကိုလည်း သူမရဲ့လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလေ့ရှိပါတယ်။

Photo Credit - Ei Thi's Facebook

ဒီတစ်ခေါက်မှာလည်း အန်တီဆွေက သူမရဲ့မွန်မြတ်လှတဲ့ အလှူတစ်ခုကို ဝေမျှလာခဲ့ပါတယ်။​​မြောက်ဒဂုံ တိုင်တစ်ရာကျောင်းတိုက်မှ ဦးစီးတဲ့ အနယ်နယ်အရပ်ရပ်မှ ကျောင်းများ ကထိန်ခင်းဖို့အတွက်ကို အန်တီဆွေမှ မတည်ငွေ လှူဒါန်းခဲ့တယ်ဆိုတာကို ပရိတ်သတ်တွေ ဝမ်းသာကြည်နူးလို့ရအောင်အတွက် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်၊၊

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။